ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အထီးကျန်ခဲ့ကြောင်း လော့ဒ်  ဆို

ကျော်ကြားတဲ့ တေးသံရှင်တစ်ဦးဖြစ်သူ လော့ဒ်က သူ့အနေနဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလ တစ်လျှောက် အထီးကျန်ဆန်ခဲ့ကြောင်း ဖွင့်ဟခဲ့တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက် တွေအရ သိရပါတယ်။

လက်ရှိမှာ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့လော့ဒ်က ဆိုလာပါဝါ အင်စတီကျုက ထုတ်ဝေတဲ့ စာစောင်မှာ ၂၀၂၁ ခုနှစ်နဲ့ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်ကို ထုတ်ဖော်ခဲ့ပါတယ်။ လော့ဒ်က ယခုနှစ်ဟာ မျှော်လင့်မထားတဲ့ စိန်ခေါ်မှုမျိုးတွေနဲ့ တွေ့ကြုံခဲ့ရပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလ တွေဟာ သူ့အတွက်တော့ အထီးကျန်ဆန်ခဲ့ရကြောင်း ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။

အေးပြည့်