ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း အလုပ်အကိုင် သန်း ၄၀ဝ နီးပါး ဆုံးရှုံးဟု ILO ပြောကြား

၁ ဇူလိုင်

 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ဧပြီလမှ ဇွန်လအကြား ကမ္ဘာလုံးဆိုင်ရာ အလုပ်လုပ်ချိန်များ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ကုလသမဂ္ဂအေဂျင်စီ တစ်ခုက ပြောကြားခဲ့သည်။

 

 

ထိုကပ်ရောဂါကြောင့် အချိန်ပြည့် အလုပ်လုပ်ကိုင်သူ သန်း ၄၀ဝနီးပါး ဆုံးရှုံးခဲ့ကြောင်း အဆိုပါ အေဂျင်စီက ခန့်မှန်းတွက်ချက်ထားသည်။

 

 

၂၀၂၀ ခုနှစ် ဒုတိယသုံးလပတ်တွင် ကမ္ဘာလုံးဆိုင်ရာ အလုပ်ချိန်နှုန်းသည် ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်နှင့် နှိုင်းယှဉ်လျှင် ၁၄ ရာခိုင်နှုန်းမျှ ကျဆင်းသွားခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းက ဇွန်လ ၃၀ ရက်နေ့က ကြေညာခဲ့သည်။

 

 

အဆိုပါ ကိန်းဂဏန်များမှာ မေလအတွင်းက ထုန်ပြန်ချက်အရ ၃ ရာခိုင်နှုန်း တိုးလာသည်ကို တွေ့ရသည်။

 

 

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ဘေး အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသည်။

 

 

အဆိုပါ ဒေသတွင် ခန့်မှန်းခြေအားဖြင့် အလုပ်ချိန်ဆုံးရှုံးမှု ၁၈ ဒသမ ၃ရာခိုင်နှုန်းရှိခဲ့သည်။

 

 

အာရှပစိဖိတ်ဒေသတွင် ၁၃ ဒသမ ၅ ရာခိုင်နှုန်း၊ ဉရောပနှင့် အရှေ့အလယ်ပိုင်းဒေသတွင် ၁၃ ဒသမ ၉ ရာခိုင်နှုန်းတို့ဖြစ်သည်။

 

 

ကပ်ရောဂါကြောင့် အမျိုးသမီး အလုပ်သမားများမှာ အချိုးမျှတမှုမရှိပဲ ထိခိုက်လျက်ရှိကြောင်း ILOက ပြောကြားခဲ့သည်။ ၎င်းတို့အနက် ၄၀ ရာခိုင်နှုန်းမှာ စားသောက်ဆိုင်နှင့် တည်းခိုခန်းတို့တွင် လုပ်ကိုင်လျက်ရှိသူများ ဖြစ်သည်။

 

 

ကမ္ဘာလုံးဆိုင်ရာ အလုပ်လုပ်ချိန်များသည် ယခုနှစ်အကုန်တွင် အကျပ်အတည်းမတိုင်မီ အဆင့်သို့ ပြန်လည်သွားရောက်နိုင်ဖွယ်မရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

 

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကူးစက်ရောဂါ၏ အကျိုးဆက်ကြောင့် အလုပ်သမား ဈေးကွက်အပေါ် သက်ရောက်မှုရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဂေရီဒါက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်