ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ် ငတ်မွတ်ခေါင်းပါးမှု မြင့်တက်လာဟု WFP သတိပေး

၃၀ ဇွန်

 

 

ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ၏ လူမှုစီးပွားရေး သက်ရောက်မှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ငတ်မွတ်ခေါင်းပါး အရေအတွက် တိုးပွားလာခြင်းကို ကူညီရန်အတွက် နိုင်ငံတကာအရေးပေါ် အကူအညီများ ပေးကြရန် ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေး အစီအစဉ် (WFP) က တောင်းဆိုလိုက်သည်။

 

 

လူဉီးရေ သန်း ၂၇၀ နီးပါးကို ယခုနှစ် အကုန်တွင် စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ပေါ်အောင် တွန်းပို့နိုင်ကြောင်း (WFP) က ဇွန်လ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

 

 

အာဖရိက နိုင်ငံသည် အလုပ်လက်မဲ့နှုန်းများ မြှင့်တက်လာပြီး ရွေ့ပြောင်း အလုပ်သမားများထံမှ ငွေလွှဲပြောင်းမှုများမှာ သိသိသာသာ ကျဆင်းလာခဲ့ကြောင်း WFP က ပြောကြားခဲ့သည်။

 

 

အနောက်အာဖရိကနှင့် ဗဟိုအာဖရိကရှိ လူဉီးရေ ၅၇ သန်းမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

 

လက်တင်အမေရိကတွင် ပြီးခဲ့သည့်နှစ်က မိုခေါင်ရေးရှားမှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့မှုကြောင့် စားနပ်ရိက္ခာ အကူအညီ လိုအပ်သူ အရေအတွက်မှာ ၁၆ သန်းအထိ သုံးဆတိုးလာနိုင်သည်ဟု ဆိုသည်။

 

 

ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၁၃၈ သန်းကို စားနပ်ရိက္ခာ အကူအညီများပေးရန် WFP က စီစဉ်လျက်ရှိသည်။

 

 

၎င်းတို့၏ လုပ်ငန်းကို ကယ်ဆယ်ရန်အတွက် လာမည့်ခြောက်လအတွင်း အရေးပေါ် အမေရိကန်ဒေါ်လာ ၄ဒသမ ၉ ဘီလီယံ လိုအပ်လျက်ရှိကြောင်း WFP က ပြောကြားခဲ့သည်။

 

 

မကြုံစဖူး အကျပ်အတည်းများကြောင့် မကြုံစဖူး တုံ့ပြန်မှုများ လိုအပ်လျက်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေးဗစ်ဘီစလေက ပြောကြားခဲ့သည်။

 

 

ဗိုင်းရပ်စ်၏ ခြိမ်းခြောက်မှုကို လျင်မြန်စွာနှင့် ထိရောက်စွာ မတုံ့ပြန်ပါက မရေရာသည့် ရလဒ်နှင့် ဆုံးရှုံးမှုများဖြင့် ကြုံတွေ့ရနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်