ကိုဗစ် - ၁၉ ကူးစက်ခံလူနာအချို့တွင် ထူးဆန်းသည် ဦးနှောက်ကစဉ်ကလျားဖြစ်မှုပုံစံတစ်မျိုးတွေ့ရှိ

mdn

ဧပြီ ၁၉

 

ဝါရှင်တန် ဧပြီ ၁၈ အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိ ဆေးရုံသို့ရောက်လာသော ကိုဗစ်- ၁၉ ကူးစက်ခံလူနာများတွင် ထူးဆန်းသည့် ဦးနှောက်ကစဉ့်ကလျားဖြစ်မှုပုံစံတစ်ခုကိုတွေ့ရှိခဲ့ရကြောင်း ဧပြီ ၁၈ ရက်က နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

 

ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကျပ်သည့်ရောဂါဝေဒနာများ ခံစားရပြီးနောက် ကိုဗစ်- ၁၉ ရောဂါကူးစက်ခံ လူနာအချို့တွင် ဦးနှောက်ကစဉ့်ကလျားဖြစ်မှုနှင့်ဆိုင်သော လက္ခဏာများခံစားခဲ့ရကြောင်း၊ ယင်းအခြေအနေတွင် ၎င်းတို့ဘယ်ရောက်နေသည်၊ ဘယ်နှခုနှစ်သို့ ရေရောက်နေပြီဆိုသည်ကို မသိတော့ကြောင်း အဆိုပါ သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

 

အဆိုပါအခြေအနေသည် သွေးတွင်း အောက်ဆီဂျင်နည်းနေသည့် လက္ခဏာနှင့်ဆက်စပ်ပြီး ဖြစ်ပေါ်နေသည်ဟု ယူဆရမလိုဖြစ်သော်လည်း တချို့လူနာများတွင် အဆိုပါ ဦးနှောက်ကစဉ့်ကလျားဖြစ်ကာ ရှုပ်ထွေးမှုသည် အဆုတ်မည်သို့မည်ပုံခံစားနေရသည်ဆိုသည်နှင့် သက်ဆိုင်ကြောင်း သိရသည်။

 

ကိုဗစ် -၁၉ကြောင့် ဦးနှောက်နှင့်အာရုံကြောစနစ်များအပေါ် ထိခိုက်မှု ရှိလာခြင်းကို စိုးရိမ်ပူပန်မိကြောင်း အင်န်ဝိုင်ယူလန်ဂွန်း ဘရွတ်ကလင်း ဆေးရုံ ဦးနှောက်နှင့် အာရုံကြောပါရဂူ ဂျနီဖာဖရွန်တီရရာက ပြောကြား လိုက်သည်။

 

လူအများစုသည် ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာသော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဝိသေသလက္ခဏာများနှင့် ရင်းနှီးကျွမ်းဝင်လာကြောင်း၊ ယင်းအပြင် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ပုံမှန်မဟုတ်သော သတင်း ပေးပို့မှုများကို ပိုမိုတွေ့ကြုံနိုင်ကြောင်းလည်း သိရသည်။

 

အေအက်ဖ်ပီ