ကိုဗစ်-၁၉ ကူးစက်မှုတွေ ရုတ်တရက်မြင့်တက်လာတဲ့အတွက်အင်္ဂလိပ်ပရီမီယာလိဂ်ပွဲတွေ ရွှေ့ဆိုင်းမှုများပြား

ဒီဇင်ဘာ ၁၉

ရုတ်တရက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်လာတဲ့အတွက် ပရီမီယာလိဂ်ပွဲကို ပရမ်းပတာ အခြေအနေဖြစ်စေပါတယ်။ ယခုသီတင်းပတ်အကုန် ပွဲစဉ်မှာတော့ ငါးပွဲနဲ့သာ အသက် ဆက်လက်ရှင်သန်ခဲ့ရ ပါတယ်။

ဘရန့်ဖို့ဒ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားပြီးတဲ့အခါမှာတော့ ဘန်လေနဲ့ ဝက်ဖို့ဒ်၊ လီဆက် စတာနဲ့ စပါးတို့ရဲ့ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ထို့အတူပဲသီတင်းပတ်အကုန် မှာကစားမယ့် ပွဲတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဘရိုက်တန်၊ ဆောက်သမ်တန်နဲ့ ဘရန့်ဖို့ဒ်၊ ဝက်ဖို့ဒ်နဲ့ ခရစ္စတယ်ပဲလေ့စ်၊ ဝက်စ်ဟမ်းနဲ့ နော့ဝှစ်၊ အဲဗာတန်နဲ့ လီဆက်စတာတို့ရဲ့ ပွဲတွေကတော့ ဘယ်ဆီနေလို့ နေဦးမည်မသိ။

ဘရန့်ဖို့ဒ်ရဲ့ နည်းပြဖြစ်တဲ့ သောမက်စ်ဖရန့်က သီတင်းပတ်အကုန် ပွဲချိန်တွေကိုရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့သော်လည်း ပရီမီယာလိဂ်ကတော့ သီတင်းပတ်အကုန် ပွဲချိန်တွေကို ဆက်လက်ကျင်းပသွားမယ်လို့ ဆိုပါတယ်။

ဆက်လက်ကစားသွားမယ့် ငါးပွဲအနက် အက်စ်တွန်ဗီလာနဲ့ ဘန်လေ၊ လိဒ်စ်ယူနိုက်တက်နဲ့ အာဆင်နယ်တို့က စနေနေ့မှာ ကစားမှာဖြစ်ပြီး တနင်္ဂနွေ နေ့ပွဲစဉ်တွေကတော့ နယူးကာဆယ်ယူနိုက်တက်နဲ့ မန်ချက်စတာစီးတီး၊ ဝုဖ်နဲ့ ချယ်ဆီး၊ တော့တင်ဟမ်နဲ့ လီဗာပူးတို့ ကစားကြမှာ ဖြစ်ပါတယ်။ လီဗာပူး၊ ချယ်ဆီးနဲ့ ဘန်လေအသင်းတွေမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ ရှိနေသည့်တိုင်အောင် သီတင်းပတ်အကုန် ပွဲစဉ်တွေကို ဆက်လက်ကစားသွားမှာ ဖြစ်ပါတယ်။

စတီဗင်ဂျရတ် နည်းပြဖြစ် ကတည်းက အက်စတွန်ဗီလာဟာ ခြောက်ပွဲမှာ လေးပွဲအနိုင်ရရှိထားပြီး တကယ့်ပြိုင်ဘက် အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဘန်လေနဲ့ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်ဟာ မန်ချက်စတာစီးတီးကို ၇-၀ နဲ့ အပြတ်ရှုံးပြီးတဲ့အခါမှာတော့ အာဆင်နယ်ကိုလည်း ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

လီဗာပူးကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့သော်လည်း အန်ဖီးလ်မှာတော့ နယူးကာဆယ်ယူနိုက်တက်ဟာ ခြေစွမ်း ကောင်းကောင်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ခံစစ်ကောင်းအောင် လုပ်ရဦးမှာ ဖြစ်ပါတယ်။

စပါးကတော့ အားကစားပွဲမကစားရသေးဘဲ သီတင်းပတ်နှစ်ပတ်လောက် ကိုဗစ်-၁၉ စောင့်ကြည့်နေရတဲ့ အတွက် အေးအေးဆေးဆေး အနားယူရဦးမှာ ဖြစ်ပါတယ်။

လင်းခေတ်ဆန်း