ကိုဗစ်-၁၉ နှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်းများကို မကြာမီ တိုင်းရင်းသားဘာသာစကား ခုနစ်မျိုးဖြင့် ဆက်သွယ်မေးမြန်းနိုင်မည်

ရန်ကုန်   ၁၂  မေ

ကိုဗစ် - ၁၉ နှင့်ပတ်သက်၍ ပြည်သူများသိရှိလိုသည့် မေးမြန်းမှုများကို ဧပြီ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့သည့် National Call Centre သို့ မြန်မာဘာသာစကားဖြင့် ဆက်သွယ်မေးမြန်းဖြေကြားမှုများကို မကြာမီ တိုင်းရင်းသား ဘာသာစကား ခုနစ်မျိုးဖြင့်လည်း မေးမြန်းနိုင်မည် Gdempê: Blue Ocean Investment Limited 288 ဦးထွန်းထွန်းနိုင်ထံမှ သိရသည်။

COVID - 19 Call Centre 32: mg?m&copol ကိုဗစ် - ၁၉ ဖြစ်ပွားမှုအခြေအနေ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ရောဂါကာကွယ်ရန် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်း၊ လူနာများ ရှာဖွေကုသခြင်း စသည့်လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည်သူလူထုမှ ဆက်သွယ်မေးမြန်း သိရှိနိုင်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ထား ခြင်းဖြစ်သည်။

အဆိုပါ Call Centre သို့ ဧပြီ ၉ ရက်မှ လကုန်အထိ ပြည်တွင်း အော်ပရေတာများမှတစ်ဆင့် အခမဲ့ ခေါ်ဆိုမေးမြန်းမှု ငါးသန်းရှိသည်။ နယ်များမှ ခေါ်ဆိုမှုများ၊ ကျေးရွာများမှ ခေါ်ဆိုမှုများရှိပြီး အချို့တိုင်းရင်းသား များ နားလည်ရန် တိုင်းရင်းသားဘာသာစကား ခုနစ်မျိုး ဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများဖြင့် မေးမြန်းမှုများကို အလိုအလျောက် ဖြေကြားနိုင်ရန် စီစဉ်တည်းဖြတ်မှုများ လုပ်ဆောင်နေပြီး မကြာမီရက်ပိုင်းအတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

ကိုဗစ် -၁၉ ရောဂါနှင့်ပတ်သက်၍ ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးလိုပါက 2019 ကိုခေါ်ဆိုကာ လိုင်းခွဲ (၀) ကို ခေါ်ဆိုမေးမြန်းနိုင်သည့် မေးမြန်းမှု များပြားသည့်အတွက် တစ်ဦးလျှင် အချိန်ခြောက်မိနစ်ခန့်သာ မေးမြန်းရမည်ဖြစ်သည်။ 2019 ၏ လိုင်းခွဲ ၁ တွင် ရောဂါလက္ခဏာများအကြောင်း၊ လိုင်းခွဲ ၂ တွင် ကူးစက်နိုင်သည့် နည်းလမ်းများအကြောင်း၊ လိုင်းခွဲ ၃ တွင် ကာကွယ်နိုင်သည့်နည်းလမ်းများ၊ လိုင်းခွဲ ၄ တွင် အသွားအလာ ကန့်သတ်ခြင်းအကြောင်း၊ လိုင်းခွဲ ၅ တွင် နောက်ဆုံးရ ကိုဗစ် - ၁၉ ပိုးတွေ့ လူနာအရေအတွက် အကြောင်းတို့ကို ဖော်ပြပါလိုင်းခွဲငါးခုမှ အလိုအလျောက် စနစ်ဖြင့် ဖြေကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။

အောင်သူရ