ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့်အတွက် အဲဗာတန်၊ ပီအက်စ်ဂျီတို့ ပွဲစဉ်ကို လွဲချော်မည့် မန်စီးတီးကစားသမား ဒီဘရိုင်း

နိုဝင်ဘာ ၂၁

မန်စီးတီးကစားသမား ဒီဘရိုင်းသည် နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားပြီးနောက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ထို့ကြောင့် အသက် ၃၀ အရွယ် ဒီဘရိုင်းသည် ၁၀ ရက်ကြာ သီးသန့်ခွဲ ခြားနေထိုင်ရမည်ဖြစ်သောကြောင့် တနင်္ဂနွေနေ့၌ ယှဉ်ပြိုင်ကစားမည့် ပရီမီယာလိဂ်ပွဲစဉ်တွင် အဲဗာတန်၊ ဗုဒ္ဓဟူးနေ့တွင် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်၌ ပီအက်စ်ဂျီအသင်းတို့နှင့်ပွဲစဉ်ကို လွဲချော်တော့မည် ဖြစ်သည်။

ဒီဘရိုင်းသည် အင်္ဂါနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ဝေးလ်အသင်းနှင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သောပွဲစဉ်တွင် ဘယ်လ်ဂျီယံအသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

အောင်ဇော်