ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျေးရွာအုပ်စုများအထိ သွားရောက်ထိုးနှံပေးလျက်ရှိ

ပျဉ်းမနား စက်တင်ဘာ ၁၈

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စက်တင်ဘာ ၁၆ ရက်မှစတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နတ်သူရဲကျေးရွာအုပ်စုနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဆေးထိုးနှံခွင့် ရရှိသူများကို သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါဆေးထိုးနှံမှုကို နတ်သူရဲကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနတွင် ဆေးထိုးနှံရေးစင်တာ ဖွင့်လှစ်ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက စစ်ဆေးအားပေးကာ လိုအပ်သည်များ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ပျဉ်းမနားမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီအထိ ၂၂၇၅ ဦး ထိုးနှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

 

ဇော်ဖြိုး(ပြန်/ဆက်)