ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုအားပေး

စစ်ကိုင်း  ဩဂုတ်  ၄

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဩဂုတ် ၄ ရက် နံနက်ပိုင်းက စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် ဘုရားကြီးအား ဖူးမြော်ကြည်ညို၍ သီတဂူအာယုဒါနဆေးရုံတွင် အသက်(၆၀)နှင့်အထက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေကြသော သံဃာတော်/ သီလရှင်များအား ဖူးမြော်ကြည်ညိုသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ကိုင်းမြို့ ပါရမီရပ်ကွက် စည်းခုံကြီးဘုရားရှိ သာသနာ့ဗိမာန်တော် ကြီးနှင့် မြို့တော်ခန်းမအတွင်း အသက်(၆၅)နှစ်နှင့်အထက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေကြသည့် ရပ်ကွက်နေပြည်သူ အဘိုး/အဘွားများအား အားပေးကြည့်ရှုခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအား အားပေးစကားများပြောကြားကာ ကာကွယ်ရေးသုံပစ္စည်းများ လုံလောက်မှု ရှိ/မရှိကို ကြည့်ရှုစစ်ဆေးပြီး နှစ်(၇၀၀) ကွင်းရှိ ကိုဗစ်- ၁၉ ရောဂါ သံသယလူနာစောင့်ကြည့်ရေးနှင့် သယ်ယူပို့ဆောင်ရေး အဖွဲ့များသို့ အောက်ဆီဂျင် ဘူး၊ PPE ဝတ်စုံများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်အဝေးခန်းမတွင် ဌာနဆိုင်ရာများနှင့်တွေ့ ဆုံ၍ လုပ်ငန်း လမ်းညွှန်ချက်များ မှာကြားကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က စစ်ကိုင်းခရိုင်အတွင်း ဒေသ အချက်အလက်များကို ရှင်းလင်းတင်ပြကာ သက်ဆိုင်ရာဌာနဆိုင်ရာများက မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက် များကို တင်ပြကြပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေး သည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင် စစ်ကိုင်းမြို့နယ်အနေဖြင့် သံဃာတော်၊ သီလရှင် အပါး ၁၂၀၀ နှင့် ရပ်ကွက်နေ ပြည်သူ ၂၈၀၀ စုစုပေါင်း ၄၀၀၀ တို့ကို ဩဂုတ် ၃ ရက်နှင့် ၄ ရက်တို့တွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ဇော်မြင့်နိုင်(ပြန်/ဆက်)