ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးတွင် အသုံးပြုနိုင်ရန် အလှူငွေလှူဒါန်း

မန္တလေး  ၂၅  ဇွန်

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးတွင် အသုံးပြုနိုင်ရန်အတွက် Asia World Foundation မှ အလှူငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းရာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် လက်ခံရယူပြီး ဂုဏ်ယူမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းတွင် အသုံးပြု နိုင်ရန် စေတနာရှင် အလှူရှင်များက အလှူငွေများ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား စသည့် ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)