ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ် (၁၁ ပတ်မြောက် အစီအစဉ်)

နေပြည်တော်၊ ၆ ဒီဇင်ဘာ

ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းတင်ဆက်ခြင်း ဖြစ်သည်။

 

ယင်း အစီအစဉ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအား ဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့ဝင် ကျန်းမာရေးပညာရှင်ကြီးများနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေးပညာရှင်များမှ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများ သိရှိလိုသည့် အချက်များ၊ မေးခွန်းများကို တီဗွီမှန်သားပြင်မှတစ်ဆင့် ပြန်လည်ဖြေကြားပေးသည့် အစီအစဉ်ဖြစ်သည်၊၊

 

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာ၌

 

- ဤပိုစ့်အောက်တွင် comment အနေဖြင့်လည်းကောင်း၊

 

- [email protected] အီးမေး(လ်)လိပ်စာသို့လည်းကောင်း ပေးပို့မေး မြန်း နိုင်သည်။

 

မေးခွန်းများပေးပို့ရာတွင် မေးခွန်းများကို ဖြေကြားမည့်နေ့မတိုင်မီ အနည်းဆုံး  (၁) ရက် ကြိုတင်၍ နေ့လယ် (၁) နာရီ နောက်ဆုံးထားကာ ပေးပို့စေလိုကြောင်း သိရသည်။

 

အစီအစဉ်အား အပတ်စဉ် အင်္ဂါနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

 

Online မှ တစ်ဆင့်လည်း ပြည်ထောင်စုဝန်ကြီးရုံးခန်း၊ ဆေးသုတေသနဦးစီးဌာန 2019 call center၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန eHealth Unit နှင့်  ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲတို့က ပညာရှင်များတို့မှ National Covid-19 Call Centre "2019"-Myanmarနှင့် Health Literacy Promotion Unit Facebook စာမျက်နှာ များမှတစ်ဆင့် ဝင်ရောက်ဖြေကြားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန