ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ် (ဒုတိယအပတ်အစီအစဉ်)

နေပြည်တော် ၄  အောက်တိုဘာ

ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ် (ဒုတိယပတ်) ကို  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းတင်ဆက်သွားမည် ဖြစ်သည်။

 

အစီအစဉ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ နည်းပညာပိုင်း ဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့ဝင် ကျန်းမာ ရေးပညာရှင်ကြီးများနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေး ပညာရှင်များမှ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများသိရှိလိုသည့် အချက်များ၊ မေးခွန်းများကို တီဗွီမှန်သားပြင်မှ တစ်ဆင့် ပြန်လည်ဖြေကြားပေးမည် ဖြစ်သည်။

 

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် စပ်လျဉ်းသည့် မေးခွန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာ၌ “ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ် (ဒုတိယအပတ်အစီအစဉ်)” ပိုစ့်အောက်တွင် comment အနေဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာ chat box သို့လည်းကောင်း၊  [email protected] အီးမေး(လ်)လိပ်စာသို့ လည်းကောင်း ပေးပို့မေးမြန်းနိုင်ကြောင်း သိရသည်။

 

ထိုသို့မေးခွန်းများပေးပို့ရာတွင် မေးခွန်းများကို ဖြေကြားမည့်နေ့မတိုင်မီ အနည်းဆုံး  (၁) ရက် ကြိုတင်၍ နေ့လယ်(၁) နာရီ နောက်ဆုံးထားကာ ပေးပို့စေလိုပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ သိရသည်။

Crd#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန