ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းများကို ဆက်လက်လိုက်နာဆောင်ရွက်ရန် ဂျပန်ကျန်းမာရေးပညာရှင်များ ပြောကြား

တိုကျို အောက်တိုဘာ ၁၅

 

ဂျပန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ကျဆင်းလာသော်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်း များကို လိုက်နာဆောင်ရွက်ပြီး နေထိုင်ကြရန် နိုင်ငံသားများအား ကျန်းမာရေး ပညာရှင်များက ပြောကြားသည်။

 

တိုကျိုမြို့၌ လက်ရှိအချိန်တွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁၀၀ အောက် လျော့ကျလာသည် မှာ ခြောက်ရက်မျှ ရှိပြီဖြစ်ကြောင်း သိရပြီး ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၂ ဦးသာရှိကြောင်း သိရသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဆိုင်ရာ သတိပေး အဆင့်ကို အဆင့်လေးဆင့် ခွဲခြားသတ်မှတ်ထားရာ လက်ရှိ အချိန်၌ အဆင့် ၃ အဖြစ် သတ်မှတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သတိပေးချက်ကို ဒုတိယအဆင့် သတ်မှတ် ထားပြီး နိုင်ငံသားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။ လက်ရှိအချိန် ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို သတိထားစောင့်ကြည့်ရန် တိုကျို မြို့တွင် ယနေ့ကျင်းပသော အစည်းအဝေး၌ ကျန်းမာရေး ပညာရှင်များအဖွဲ့က ပြောကြားသည်။ နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ကျဆင်းလာသော်လည်း နိုင်ငံ၏ ကျန်းမာရေး အရေးပေါ် စောင့်ရှောက်မှုစနစ် အပေါ်၌ ဖိအားများရှိနေကြောင်း သိရသည်။ တိုကျိုမြို့ရှိ ဒေသခံ ၆၃ ဒသမ ၃ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးစီးကြောင်း သိရသည်။ နိုင်ငံအတွင်း အသုံးပြုလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ၏ ထိရောက်မှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်မှုအား နိုင်ငံသားများ သိရှိစေရန် အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက် ရမည်ဖြစ်ကြောင်း ကျန်းမာရေး ပညာရှင်များက ပြောကြားသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီးချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ပြန်လည် မြင့်တက်လာသဖြင့် လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ကျဆင်းစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း တိုကျိုမြို့တော်ဝန် ကိုကီယူရီကိုက ပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ