ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဟားခါးမြို့တွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဟားခါး   ၂၀   ဧပြီ        
        
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန် ချက်ဖြင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနက ဟားခါးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများအား ပိုးသတ်ဆေး  ဖျန်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
        
မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသျှန်းနွန်းမောင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ဧပြီ ၁၉ ရက် ညနေပိုင်းက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများ၏ ရုံးခန်းများ၊ အစည်းအဝေးခန်းမနှင့် ဧည့်ခန်းများ၊ ဝန်ထမ်းများ၏ရုံးခန်းများ၊ ရေအိမ်နှင့် သန့်စင်ခန်းများနှင့်လှေကားလက်ရန်းများကို ဆေးဖျန်းပေးခဲ့ကြောင်းသိရသည်။

(ပြည်နယ် ပြန်/ဆက်)