ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု ထိန်းချုပ် လျှော့ချနိုင်ရေး Mask Campign ပြုလုပ်

ပြင်ဦးလွင်၊  ၁၀  ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု  ထိန်းချုပ် လျှော့ချနိုင်ရေး Mask Campign ကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်ကြီးများအတွင်း လူစည်ကားရာနေရာများတွင် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် ဌာနဆိုင်ရာများမှ အဖွဲ့များခွဲ၍ ဆောင်ရွက်ကြသည်။

 

မန္တလေးခရိုင်၌ ပြည်သူများနေအိမ်တွင် နေထိုင်ကြစေရေး သတ်မှတ်ညွှန်ကြားထားသည့် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိကာလအတွင်း ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်/ ကျေးရွာများရှိ လူစည်ကားရာ နေရာများနှင့် လမ်းဆုံ၊ လမ်းခွဲနေရာများ၊ ဈေးများတွင် ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု တတ်နိုင်သမျှ ထိန်းချုပ်လျှော့ချနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်မောင် ဦးဆောင်သည့် မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ Mask Campaign များ ပြုလုပ်ပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်အလက်များပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ကာ ပြည်သူများသို့ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

မြတ်ဆုမွန်