ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၀၁၀ ဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၁၄၃၈၃ ဦး ရှိသွားပြီ

နေပြည်တော် ၁အောက်တိုဘာ 
  
စက်တင်ဘာ ၃၀ ရက် ည ၈ နာရီမှ အောက်တိုဘာ ၁ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၅၃၅၂ ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၀၁၀ ဦး ထပ်မံ တွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူစုစုပေါင်း  ၁၄၃၈၃ ဦးရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိ သူ ၁၄၃၈၃ ဦးအနက် သေဆုံးသူ ၃၂၁ ဦးနှင့် ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၄၁၅၆ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက် များအရ သတင်းရရှိသည်။  

သတင်းစဉ်