ကိုဗစ်-၁၉ ရောဂါပိုးရှိသူ  ၁၀၇ ဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၈၈၂ ဦးရှိသွားပြီ

နေပြည်တော် ၃  ဩဂုတ်

 

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၁၀၇ ဦး ထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၈၈၂ ဦးရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၈၈၂ ဦးအနက် သေဆုံးသူ ခြောက်ဦး၊  ပိုးမတွေ့ရှိတော့သူ ၃၅ ဦး ဆေးရုံမှဆင်းခွင့် ပြုခဲ့သူ ၃၄၇ ဦးနှင့် ဩဂုတ် ၃၀ မွန်းတည့် ၁၂ နာရီမှ ဩဂုတ် ၃၁ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၆၁ ဦး ရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။  

 

သတင်းစဉ်