ကိုဗစ်-၁၉ ရောဂါပိုးရှိသူ  ၄၂ ဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၇၇၅ ဦးရှိသွားပြီ

နေပြည်တော် ဩဂုတ် ၃၀

  

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၄၂ ဦး ထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၇၇၅ ဦး ရှိသွားပြီဖြစ်ပြီး   ပိုးတွေ့ရှိသူ ၄၂ ဦးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ သုံးဦး၊ တောင်အာဖရိကနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ နှစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦးနှင့် ပြည်ပသို့ခရီးသွား ရာဇဝင်မရှိသူ ၃၆ ဦး ဖြစ်ကြောင်း သိရသည်။

 

ရောဂါပိုးတွေ့ရှိသူ ၇၇၅ ဦးအနက် သေဆုံးသူ ခြောက်ဦး၊  ပိုးမတွေ့ရှိတော့သူ ၃၅၂ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၄၇ ဦးနှင့် ဩဂုတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီမှ ဩဂုတ် ၃၀ မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၅၃ ဦး ရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။ 

 

သတင်းစဉ်