ကိုဗစ်ကာလ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

နေပြည်တော် ၂၆  ဇူလိုင်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်ကာလ ငါးမွေး တောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ရေဆင်း ငါးလုပ်ငန်းစခန်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး၊ မွေးမြူရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်နိုင်ဦး၊ တိုင်းအဆင့် ဌာနဆိုင်ရာများနှင့် ပျဉ်မနားမြို့နယ်မှ ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးတို့မှ နိုင်ငံတော်မှ ထောက်ပံ့သည့် အစီအစဉ်များနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး၊ နေပြည်တော် တိုင်းငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်နီလာကြွယ်၊ တိုင်းစိုက်ပျိုးရေး ဦးစီးဌာနမှူးတို့မှ  ငါးမွေးတောင်သူများအား ငါးသားပေါက်များ အသီးသီး ပေးအပ်ခဲ့ပါသည်။ နေပြည်တောင်ကောင်စီအတွင်း ပျဉ်းမနားမြို့နယ်တွင် ပထမဆုံး ပေးအပ်ခြင်းဖြစ်ပြီး ကျန်မြို့နယ်များ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

MDN