ကိုဗစ်ကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှုများမြင့်တက်လာကြောင်း ဂျပန်အစိုးရအဖွဲ့ရုံးပြော

တိုကျို ၂၈ ဇွန်


ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အိမ်တွင်း၌သာနေထိုင်ရန် တိုက်တွန်း ပြောကြားထားချိန် အိမ်တွင်းအကြမ်း ဖက်မှုနှင့် ပတ်သက်ပြီး အကြံဉာဏ် ရယူသူများ သီတင်းပတ်တစ်ပတ် ကျော် ကာလအတွင်း များပြားလာကြောင်း ဂျပန်အစိုးရအဖွဲ့ရုံးက ပြောကြားလိုက်သည်။


တစ်နိုင်ငံလုံးရှိ အိမ်ထောင်ရေးအကြမ်းဖက်မှုနှစ်သိမ့်ဆွေးနွေးခြင်းနှင့် အားပေးခြင်းဌာနများက အိမ်တွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး နှစ်သိမ့်အားပေးဆွေး နွေးမှုတောင်းခံသူများမှာ ဧပြီလနှင့် မေလအတွင်း ၁၃၄၀၀ ကျော်လာကြောင်း ပြောကြားသည်။
တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်ပြီး နောက် အဆိုပါအရေအတွက်မှာ ယခုနှစ် ဧပြီလတွင် ၃၀ ရာခိုင်နှုန်းနီးနီး မြင့်တက်လာကြောင်းနှင့် မေလတွင် ၂၀ ရာခိုင်နှုန်းနီးနီး မြင့်တက်လာကြောင်း သိရသည်။
အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ် သက်ပြီး နှစ်သိမ့်ဆွေးနွေးခြင်းများ သည် မကြာသေးမီ နှစ်အနည်းငယ် အတွင်းက မြင့်တက်လာသည်။ အထူးသဖြင့် ထိုသို့နှစ်သိမ့်ဆွေးနွေးခြင်းများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်တွင်းနေထိုင်ရသည့် ကာလများ ဖြစ်သော ဧပြီလနှင့် မေလတို့တွင် ပိုမိုမြင့်တက်လာကြောင်း အရာရှိများက ပြောကြားသည်။
အိမ်တွင်းအကြမ်းဖက်နှစ်သိမ့် ဆွေးနွေးအားပေးသည့် ဌာနသစ် တစ်ခုက ၎င်းအနေဖြင့် အိမ်တွင်း အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အကြံဉာဏ်တောင်းခံမှုသည် ဇွန်လ လလယ်အထိ ၈၂၀၀ လက်ခံရရှိခဲ့ ကြောင်း ပြောသည်။


အမျိုးသမီးတစ်ဦးက ၎င်း၏ အမျိုးသားသည် အိမ်မှအလုပ်လုပ်ရာ၌ အိမ်တွင်းအကြမ်းဖက်မှုများကို ပိုမို ပြုကျင့်လာကြောင်း မကျေမနပ် တိုင်တန်းလာခဲ့သည်။ တစ်ချိန်တည်းတွင် အလုပ်အကိုင်နှင့် သက်သာချောင်ချိရေးဌာန က တစ်နိုင်ငံလုံးရှိ ကလေးသူငယ်နှစ် သိမ့်အားပေးဆွေးနွေးရေး ဌာနများ အနေဖြင့် ဧပြီလအတွင်း ကလေး သူငယ် မတော်မတရားပြုကျင့် နှိပ်စက်မှုပေါင်း ၁၄၃၀၀ ကျော် ကိုင်တွယ် ဖြေရှင်းခဲ့ရကြောင်း၊ အဆိုပါပမာဏသည် လွန်ခဲ့သောနှစ် ကထက် ၄ ရာခိုင်နှုန်းတိုးလာကြောင်း ပြောကြားသည်။ ထိုသို့ တိုးမြှင့်လာခြင်းသည် အိမ်၌သာ နေထိုင်ရခြင်း သို့မဟုတ် ကျောင်းများ ပိတ်ထားခြင်းနှင့် ဆက်နွှယ်နေမလားဆိုသည်ကို ကွဲကွဲ ပြားပြားမသိရေးသေးဟု အဆိုပါ ဝန်ကြီးဌာနက ဆက်လက်ပြော ကြားသည်။

 

အင်န်အိတ်ခ်ျကေ