ကိုဆိုဗိုနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုများလာတဲ့အတွက် ကာဖျူးထုတ်ပြန်

၃ နိုဝင်ဘာ

 

ကိုဆိုဗိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူများလာတဲ့အတွက် အသက်အရွယ်ကြီးသူတွေအတွက် ကာဖျူးထုတ်ပြန်ထားပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း အချိန်သတ်မှတ်လိုက်ကြောင်း အစိုးရက တနင်္လာနေ့က ကြေညာပါတယ်။

 

ဥရောပရဲ့ အဆင်းရဲဆုံးဒေသဖြစ်တဲ့ ဘော်လကန်ဒေသ မြောက်ပိုင်ရှိ ကိုဆိုဗိုင်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိမှုများလာတဲ့အတွက် လူနေမှုဘဝတွေ တင်းကြပ်တဲ့ စည်းမျဉ်းတွေအောက်မှာ နေထိုင်ရန် အမိန့်ထုတ်ပြန်လာတာကို တွေ့ရပါတယ်။

 

အသက် ၆၅ နှစ်အထက် ပင်စင်စားတွေဟာ နေအိမ်မှာအပြင်ထွက်ဖို့ကို နံနက် ၆-၁၀ နာရီ အတွင်းနဲ့ ညနေ ၄  - ၇ နာရီ အတွင်းသတ်မှတ်ထားပါတယ်။

 

နိုင်ငံသားအားလုံးကို လူ ၅ ဦးထက်ပိုပြီး စုဝေးခွင့် ပိတ်ပင်ထားသလို အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းဝေးပွဲ၊ မင်္ဂလာအခမ်းအနားနဲ့ မိသားစု ပါတီပွဲတွေ ကိုပါ တားမြစ်ထားပါတယ်။

 

ရှော့ပင်းမောတွေနဲ့ စားသောက်ဆိုင်တွေဟာ ည ၉ နာရီမှာ ပိတ်ရန်၊ စားသောက်ဆိုင်တွေကို ပါဆယ်ရောင်းခွင်သာရှိကြောင်း အမိန့်ထုတ်ပြန်ထားပါတယ်။

 

ကိုဆိုဗို အစိုးရက နိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ အားနည်းတဲ့အတွက် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ဆက်လက်များနေမယ်ဆိုရင် ကျန်းမာရေးစနစ် ပြိုကျသွားနိုင်ကြောင်း သတိပေးနေပါတယ်။

 

လူဦးရေ ၁.၈ သန်းနေထိုင်တဲ့ ကိုဆိုဗိုနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် လူပေါင်း ၇၀၀ နီးပါးသေဆုံးကြောင်း သိရပါတယ်။

 

ကိုဆိုဗိုရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဆာဗီးယား၊ ဘော့စနီးယား၊ မြောက်မက်ဆီဒိုးနီးယား နဲ့ ခရိုအေးရှားနိုင်ငံတွေမှာလည်း အခုသီတင်းပတ်တွေအတွင်းမှာ ပိုးတွေ့ရှိသူ များပြားနေတာကို တွေ့ရပါတယ်။

 

MDN

ကိုးကား- AFP