ကျိုက်ဒုံမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူ ၁၅၀ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကျိုက်ဒုံ      ဇွန်      ၇

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ ကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ဇွန် ၇ ရက် နံနက်ပိုင်းက ဟောင်သရောခန်းမ၌ ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများ၊ တိုက်နယ်ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူ ၁၅၀ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့သည်။

 

ကျိုက်ဒုံမြို့(အထက)တွင် ယမန်နေ့က အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား ကျောင်းသူ ၂၄၀ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သန်းထွန်းနိုင်(ပြန်/ဆက်)