ကျိုက်လတ်မြို့နယ်၊ မရမ်းကြီးကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျိုက်လတ် စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၄ ရက်က မရမ်းကြီးကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံသားစိစစ်‌ရေးကတ်ပြား ပြုလုပ်ပေးရခြင်းနှင့် ပတ်သတ်၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက ရှင်းပြောကြားခဲ့ပြီး ကျေးရွာပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမျိုးသား (၉)ဦးနှင့် အမျိုးသမီး (၁၁)ဦး၊ ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး (၁၀)ဦး၊ ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် လဲလှယ်သည့် အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၆)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီး မိတ္တူထုတ်ပေးမှု အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၁)ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်