ကျိုက်မ​ရောမြို့နယ်(OSS) ရုံးမှ​ ရွေ့လျားဝန်​ဆောင်မူလုပ်ငန်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်း​ဆောင်ရွက်

ကျိုက်မ​ရော      ၅    ​အောက်တိုဘာ     

 

ပြည်သူများအ​​နေဖြင့် ဌာနဆိုင်ရာများနှင့် ဆက်စပ်သည့် လုပ်ငန်းများ​ဆောင်ရွက်ရာတွင် အဆင်​ပြေ​ချော​မွေ့စွာ ​ဆောင်ရွက်နိုင်​ရေးနှင့် ရုံးဌာနများ၏ လုပ်ငန်းများ ​ကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ကျိုက်မ​​ရောမြို့နယ် ပြည်သူ့ဝန်​ဆောင်မှု (OSS) ရုံးမှ ​ရွှေ့လျားဝန်​ဆောင်မှု လုပ်ငန်း (Mobile Service DeliVery) အစီအစဉ်ဖြင့် ကျွန်းရွာ​ကျေးရွာဘုန်းကြီး​ကျောင်းတွင် အသိပညာ​ပေး​ဟော​ပြောခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ​ဆောင်ရွက်ပေးမှုကို ယမန်​နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်​။

 

ရှေ့းဦးစွာ ဒုမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးဘုန်းမြင့်နိုင်က ပြည်သူ့ဝန်​ဆောင်မှုရုံး ဖွင့်လှစ်ရခြင်းနှင့်​ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများအကြောင်း (OSS)ရုံး၏ ရည်ရွယ်ချက်များကို ရှင်းလင်း​​ဆွေး​နွေးခဲ့သည်။

 

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းများကို အမှုဆောင်အရာရှိက ရှင်းလင်း​ဆွေး​နွေးပြီး မြို့နယ်လယ်ယာ​မြေစီမံခန့်ခွဲ​ရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထင်​အောင်​ကျော်က လယ်ယာ​​မြေနှင့် ပတ်သက်၍​ ရောင်းဝယ်ခြင်း​ ပေါင်နှံခြင်းများအား တရားဝင်စာချုပ်စာတမ်းနှင့် မှတ်ပုံတင်ရန်ကို လည်း​ကောင်း၊ မြို့နယ်လဝက ဦးစီးဌာနမှ ဦးစီးမှူးက​ မွေး​သေစာရင်းများနှင့် နိုင်ငံသားစိစစ်​ရေးကတ်များ သစ္စာစီမံချက်ဖြင့်​​ ဆောင်ရွက်​ပေး​နေမှု အ​ခြေအ​နေများကို ရှင်းလင်း​ဆွေး​နွေးပြီး အသက်(၁၀)နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်များကို​ နေ့ချင်းပြီး​​​ ဆောင်ရွက်​ပေးခဲ့သည်။

 

ယခုကဲ့သို့ (OSS)ရုံးမှ ပြည်သူ့ဝန်​ဆောင်မှု လုပ်ငန်းများကို​ တစ်​နေရာတည်းတွင် လာ​ရောက်လုပ်ကိုင်​ပေးခြင်းဖြင့်​ ကျေးရွာပြည်သူ လူထုများအ​​နေဖြင့် အချိန်ကုန်​ငွေကုန် သက်သာ​စေ​ပြီး လုပ်ငန်းများ အဆင်​ပြေ၍​ ကျေနပ်ဝမ်းသာလျက်ရှိ​ကြောင်း ကျွန်းရွာရှိ​ဒေသခံပြည်သူတစ်ဦးထံမှ သိရသည်။

 

ချိုမြတ်မြတ်​ထွေး(   ကျိုက်မ​ရော   )