ကျိုက်မရော-မုဒုံ လမ်း၌ ယာဉ်သုံးစီး ဆင့်ကဲတိုက်မိမှုဖြစ်ပွား

ကျိုက်မရော ၁၀ ဒီဇင်ဘာ     

 

မော်လမြိုင် မုဒုံသွားကားလမ်းမကြီး ကျိုက်မရော လမ်းဝအနီးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ရှေ့မှလားရာတူ ဟိုက်ဂျက်ယာဉ်အား မော်လမြိုင်-ကျိုက္ခမီ သံဖြူဇရပ်ပြေးဆွဲနေသော ရွှင်လန်း Express ကားမှ အရှိန်မထိန်းနိုင်ဘဲ ဝင်ဆောင့်မိပြီး ထိုမှတစ်ဆင့် ဟိုက်ဂျက်ကားမှ မျက်နှာချင်းဆိုင်မှလာသော ဘိလပ်မြေကားကြီးအား ဝင်ဆောင့်မိကြောင်း သိရသည်။

 

mdn

 

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ဟိုက်ဂျက် ကားပေါ်ပါ လူသုံးဦး ထိခိုက်ဒဏ်ရာ ရရှိသဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ အချိန်မီပို့ဆောင်ပေးခဲ့ပြီး လူသေဆုံးမှုမရှိကြောင်း သိရသည်။

 

mdn

 

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)

 

mdn