ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၏ (၁၈) ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲအား သတ်မှတ်စည်းကမ်းများအတိုင်း ကျင်းပမည်

ကျိုက်မရော ၂၈ နိုဝင်ဘာ  
   
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏ ကျက်သရေဆောင် ဆုတောင်းပြည့်ဘုရားကြီး၏ နှစ်စဉ် ကျင်းပမြဲဖြစ်သော (၁၈) ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲကို ယနေ့ည ၇နာရီ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါသင်္ကန်းရက်ပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။

မသိုးသင်္ကန်းရက် ပြိုင်ပွဲကြီးကို ပြည်သူများ လာရောက်ကြည့်ရူရာတွင် လူစူလူဝေးမဖြစ်ပေါ် စေရေးအတွက် သင်္ကန်းရက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည့်သူများကိုသာ မဏ္ဍပ်အတွင်း ဝင်ရောက်ခွင့်ပြုသွားမှာဖြစ်ပြီး မသိုးသင်္ကန်း ရက်လုပ်မှုများကို ကြည့်ရူ့အားပေးလိုပါက သီးခြားနေရာထားကာ စနစ်တကျ ကြည့်ရူ့အားပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း ဆုတောင်းပြည့် ဘုရားကြီးဂေါပကအဖွဲ့မှ သိရသည်။ 

ကျိုက်မရော မြို့နယ်တွင် နှစ်စဉ်တန်ဆောင်မုန်း လဆန်း ၁၄ ရက် ရောက်တိုင်း မသိုးသင်္ကန်းရက်လုပ် ပူဇော်ရန် မြို့တွင်းသို့ လှည့်လည်ပူဇော်ခံရာတွင် ကြိတ်ကြိတ်တိုးစည်ကားခဲ့ကြောင်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လှည့်လည်ပူဇော်ခွင့်မရတော့ဘဲ ရိုးရာမပျက်သာ ရက်ကန်းရက်ပြိုင်ပွဲ ပြုလုပ်၍ ပူဇော်သွားကြရမည်ဖြစ်ကြောင်း သိရသည်။

ချိုချို ( ပြန်/  ဆက်)