ကျိုက်မရောမြို့ မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်(ခွဲ)မှ ၂၀၂ ၂ မိုးရာသီ စိုက်ပျိုးစရိတ်ချေး  ငွေများ ပြန်လည် ကောက်ခံလျက်ရှိ

ကျိုက်မရော  ဇန်နဝါရီ ၁၇

 

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ် (ခွဲ) တွင် ၂၀၂၂ ခုနှစ် မိုးရာသီ ဘဏ်ချေးငွေ များအား ဇန်နဝါရီလ ဆန်းပိုင်းမှ စတင်ကောက်ခံလျက်ရှိကြောင်း သိရသည်။

 

မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်ခွဲအနေဖြင့်  ၂၀၂၂ခု နှစ် မိုးရာသီ စပါး သီးနှံအတွက် ထုတ်ချေးပေးထားသည့်ချေးငွေများကို ကျိုက်မရော မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃၉)အုပ်စု မှ တောင်သူ( ၁၄၉၁) ဦး တို့အား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ နှုန်းဖြင့် ထုတ်ချေး ပေးခဲ့ရာ ချေးငွေစုစုပေါင်း (၁၄၁၆၉) သိန်းကျပ်အား ထုတ်ချေးထားခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်နေ့ထိ ပြန်လည်ကောက်ခံရရှိမှုမှာ ကျေးရွာ ပေါင်း(၃၅)ရွာ မှ တောင်သူ ၄၃၈ ဦး တို့ထံ မှ ကောက်ခံရရှိငွေ စုစု ပေါင်း မှာ(၃၉၂၅.၅ ) သိန်း ကျပ် ပေးသွင်းထား ပြီးဖြစ်ရာ ရာခိုင်နှုန်းအားဖြင့်  ပြန်လည် ကောက်ခံရရှိငွေမှာ(၂၇. ၇၀)ရာခိုင်နှူန်း ကောက်ခံရ ရှိ  ပြီး ဖြစ်ကြောင်း  မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်(ခွဲ)မန်နေဂျာ ဒေါ်သီတာထွန်းထံမှ သိရသည်။

 

ချိူမြတ်မြတ်ထွေး(ပြန်/ဆက်)