ကျိုက်မရောမြို့နယ် ကော့ပလိုငိကျေးရွာ၌ နေအိမ်မီးလောင်မှုဖြစ်ပွား

ကျိုက်မရော    ၂၄    ဧပြီ

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နှင့် မိုင် ၄၀ ခန့်ကွာဝေးသော ကော့ဘိန်းကျေးရွာသွားကားလမ်းမဘေးရှိ လူနေထိုင်ခြင်းမရှိသော အိမ်တစ်လုံး မြက်ခြောက်မီးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုတစ်ခု ယမန်နေ့ည ၇ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ ကော့ဘိန်းနယ်မြေမီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသည်ယာဉ်တစ်စီး၊ အရန်မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ကျိုက်မရောမြို့နယ် ဓမ္မသ ကျေးရွာမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး စုစုပေါင်း မီးသတ်ယာဉ် ၅ စီးဖြင့် မီးငြှိမ်းသတ်ရာ ည ၈ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ်တစ်လုံးဆုံးရှုံးခဲ့ရပြီး လူနှင့်အခြားတိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းတင်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)