ကျိုက်မရောမြို့နယ်၌ လူနေအိမ် အဆောက်အအုံ ၁၁ လုံး မီး လောင်မှု ဖြစ်ပွား

ကျိုက်မရော       ၂၁      နိုဝင်ဘာ     

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ကျိုက်ပရန် ကျေးရွာ ၌ယနေ့နံနက်  ၉နာရီ ၁၅မိနစ်က လျှပ်စစ်မီးဖို အသုံးပြုရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၁ လုံး မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့ ကျိုက်မရော မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦး ဝင်းတင် ကြီးကြပ်၍  မီးငြိမ်းသတ်ယာဉ်(၁၇)စီး ၊မီးသတ်တပ်ဖွဲ့ဝင်အင်အား(၄၀)၊ အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား၂၀၊ စုစုပေါင်း အင်အား(၆၀)ဦးတို့ဖြင့် သွားရောက် မီးငြိမ်းသတ်ခဲ့ရာနံနက် ၁၀နာရီအချိနိတွင်လုံးဝ မီးငြိမ်း သတ်နိုင်ခဲ့ကြောင်းသိရသည်။

 

၅

 

အဆိုပါမီး လောင်မှု ဖြစ်စဉ်မှာ လျှပ်စစ်မီးဖို အသုံးပြုရာမှအပူလွန်ကဲပြီး အနီးရှိ အဝတ်ခြင်းကို ကူးစက် လောင်ကျွမ်း ခဲ့ရခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုကြောင့်၂ထပ်တိုက် ပျဉ်ထောင်အိမ် (၆)လုံး ၊ တစ်ထပ်အိမ် ၅ လုံး စုစုပေါင်း လူနေအိမ် (၁၁)လုံး မီးဘေးသင့်ခဲ့ကာ လူနှင့်တိရစ္ဆာန် များ ထိခိုက်မှု မရှိကြောင်းသိရသည်။

 

မီးဘေးသင့် အိမ်ထောင်စုများသို့ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဉီး ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်မြင့် နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို သွားရောက်ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

မီးစတင်လောင်ကျွမ်းမှု နှင့် ပတ်သက်၍ အိမ်ရှင် ဉီးစိန်သန်း အသက်(၆၅)နှစ်အား သက်ဆိုင်ရာမှ စုံစမ်း အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ကျိုက်မရော မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူ ထံမှသိရသည်။

 

ချို မြတ် မြတ်ထွေး (  ကျိုက် မရော )