ကျိုက်မရောမြို့တွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှုကို မြို့နယ်ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ သွားရောက်စစ်ဆေး

ကျိုက်မရော    ၂၉   ဇူလိုင်  

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ ထားရှိမှုများကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်မရောမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိသဲလင်းနှင့် အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ကျိုက်မရောမြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ အလွယ်တကူ လာရောက်ကြည့်ရှုနိုင်သည့်နေရာများတွင် ထင်သာမြင်သာအောင် ထားရှိပေးရန်၊ ပြည်သူများအား တစ်အိမ်ထောင်လျှင် အနည်းဆုံး တစ်ဦးစီလာရောက်ကြည့်ရှုရေး နှိုးဆော်ပေးရန်နှင့် မဲဆန္ဒရှင်စာရင်းများအား ပြင်ဆင်လိုခြင်း၊ ထည့်သွင်းလိုခြင်း၊ ပယ်ဖျက်လိုခြင်း ပြုလုပ်လိုပါက အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် “မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါ ဝင်သလား” လက်ကမ်းစာစောင်(၅၀ဝ)ကို ပြည်သူများ လက်ဝယ်ဖြန့်ဝေပေးနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ချိုချို(ပြန်/ဆက်)