ကျိုက်မရောတွင် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ ကျင်းပ

ကျိုက်မရော ၁ ဇန်နဝါရီ

 

ကျေးလက်နေ ပြည်သူလူထု၏ လူနေမူအဆင့်အတန်း မြင့်မားရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးကို ရည်ရွယ်၍ ကျိုက်မရောမြို့နယ် ကော့ဒွန်းကော့ပနောကျေးရွာ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီက အဆိုပါမီးလင်းရေးမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးရွာပေါင်း ၁၀၀၀ ခန့်ကို မီးလင်းနိုင်ပြီဖြစ်ကြောင်းနှင့် သိန်းပေါင်း ၆၀၀၀ အကုန်အကျခံ၍ ဖွင့်လှစ်ပေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

ယင်းနောက် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေကာ ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်ဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမူ ကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာပြည်သူလူထုများ တက်ရောက်ခဲ့ကြသည်။

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)