ကျိုက်မရောတွင် ရေပြန်ကျသွားပြီးဖြစ်၍ ကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်

ကျိုက်မရော  ၂၃ သြဂုတ် 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်း သြဂုတ်လ ၁၂ ရက်နေ့မှစ၍ ရေကြီးနစ်မြုပ်မှုများကြောင့် ရေဘေးသင့်ပြည်သူများအတွက် ယာယီဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်း ၁၄ ခုရှိသည့်အနက် မြို့ပေါ်ရှိ ယာယီကယ်ဆယ်ရေးစခန်း ၄ ခုနှင့် ရေကြီးနစ်မြုပ်မှု အများဆုံးခံရသည့် ကျေးရွာများတွင် ခေတ္တဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၉ ခုတို့ကို ရေပြန်ကျပြီးဖြစ်၍ ပြန်လည်ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းနှင့် ပိတ်ထားရသော အခြေခံပညာကျောင်းပေါင်း (၇၂) ကျောင်းကို ယနေ့တွင် အားလုံးပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာကြီးဦးငွေဝင်းထံမှ သတင်းရရှိသည်။

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)