ကျိုက်ထိုမြို့ ရာမညအပန်းဖြေစခန်း ရေတံခွန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး

ကျိုက်ထို ၃ နိုဝင်ဘာ

 

ကျိုက်ထိုမြို့ ရာမညအပန်းဖြေစခန်း ရေတံခွန်တွင် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီခွဲက Knowledge Villa ဂျပန်စကားပြောသင်တန်းကျောင်းမှ သင်တန်းဆရာတစ်ဦးနှင့် သင်တန်းဆရာမတစ်ဦး အပန်းဖြေရေဆင်းကူးရာမှ ရေနစ်သေဆုံးကြောင်း သိရသည်။

 

အခင်းဖြစ်ပွားသည့် နေရာသို့ ကင်ပွန်းချောင်းနယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးဇာနည်ဝင်းနှင့် တပ်ဖွဲ့ဝင်များသည် ကင်ပွန်းချောင်း(KMC) လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များနှင့်အတူသွား ရောက်စစ်ဆေးရာ Knowledge Villa ဂျပန်စကားပြောသင်တန်းကျောင်းမှ သင်တန်းဆရာ(၁)ဦး၊ သင်တန်းဆရာမ(၁)ဦး၊ သင်တန်းသား(၂)ဦးနှင့် သင်တန်းသူ(၁၀)ဦးတို့သည် ကျိုက်ထီးရိုး ဘုရားဖူးပြီး အပြန်၌ ကျိုက်ထီးရိုးစေတီတော် တောင်ခြေရှိ ဆောင်နိုင်ကြီးကျေးရွာ ရာမည အပန်းဖြေစခန်း ရေတံခွန်သို့ သွားရောက်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏမြို့ ကျွန်းရွှေမြိုင်လမ်းသွယ်(၂) ခြံအမှတ်(၁၇၁)နေ ဂျပန်ဘာသာစကားပြောသင်တန်း ဆရာကိုသက်ထွန်းဇော်(၂၉)နှစ်ဆိုသူနှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် (၆)လမ်းနေ ဂျပန်ဘာသာစကားပြော သင်တန်းဆရာမ မဟန်နီအောင်(၂၈)နှစ်တို့နှစ်ဦးသည် ရေဆင်းကူးသဖြင့် ရေနစ်သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး သေဆုံးသူ(၂)ဦးမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးနေကြောင်း သတင်းရရှိသည်။

 

 

တင်ထွဋ် (မော်လမြိုင်)