ကြို့ပင်ကောက်မြို့တွင် ငါးဖမ်းရာမှ ရေနစ်သေဆုံးမှုဖြစ်ပွား

ကြို့ပင်ကောက် ၁   သြဂုတ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် သက်ရင်းကုန်းအုပ်စု ဂုံညင်းတန်းကြီးကျေးရွာအနီး  ပြည်တော်သာရေလှောင်တမံအတွင်း သြဂုတ်လ ၁ ရက်နေ့မွန်လွဲ ၁ နာရီ ၅၅ မိနစ် အချိန်က အမျိုးသားတစ်ဦး ငါးဖမ်းရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။

အဆိုပါရေနစ်သေဆုံးမှုဖြစ်ပွားသော ပြည်တော်သာရေလှောင်တမံသို့ မြို့နယ် ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်နှင့် တပ်ဖွဲ့ဝင် ၉ ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများပူးပါင်းပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၃ နာရီ ၂၀ မိနစ်အချိန်တွင် ရေနစ်သေဆုံးသူ ကုန်းမြင့်ကျေးရွာနေ ကိုအောင်ဆန်းထွန်း(ဘ)ဦးမြင့်ရွှေ အသက်(၃၈)နှစ်အား ရေအောက်တွင် ရှာဖွေတွေ့ရှိ၍ လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)