ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၁ ဒသမ ၅ သန်း ကျော်ရှိလာ

၄ ဒီဇင်ဘာ

 

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၆၅ သန်းနီးပါးထဲမှ သေဆုံးသူ ၁ ဒသမ ၅ သန်း ကျော်ရှိလာကြောင်း AFP သတင်းဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ ကမ္ဘာတစ်ဝန်းကို ကူးစက်လာရာ လူပေါင်း ၆၄,၇၇၄,၇၀၅ ဦးမှာ ကူးစက်ခံရပြီး ရောဂါပိုးကြောင့် လူပေါင်း ၁,၅၀၀,၀၃၈ ဦး သေဆုံးကြောင်း သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အများဆုံးဒေသ သုံးခုကတော့  လက်တင်အမေရိကနဲ့ ခရစ်ဘီယန် ဒေသဖြစ်ပြီး သေဆုံးသူ ၄၅၂,၂၆၃ ဦး၊ ဉရောပနိုင်ငံတွေမှာ သေဆုံးသူ ၄၃၀,၀၆၀ ဦးနဲ့  အမေရိကန်နဲ့ ကနေဒါဒေသမှာတော့ သေဆုံးသူ ၂၈၆,၉၄၆ ဦး ရှိပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ကုန်ပိုင်းကစပြီး ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် နေ့စဉ် သေဆုံးသူဟာ ၁၀,၀၀၀ ကျော်ရှိတဲ့အတွက် ကပ်ရောဂါပိုး စတင်ချိန်ကစပြီး သေဆုံးသူ အများဆုံးနေ့ရက်တွေလို့ ဆိုရမှာဖြစ်ပါတယ်။

 

ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အများဆုံးသုံးနိုင်ငံမှာ အမေရိကန်နိုင်ငံ (သေဆုံးသူ ၂၇၄,၅၇၇ ဦး)၊ ဘရာဇီးနိုင်ငံ (သေဆုံးသူ ၁၇၄,၅၁၅ ဦး)နဲ့ အိန္ဒိယနိုင်ငံ (သေဆုံးသူ ၁၃၈,၆၄၈ ဦး) တို့ ဖြစ်ပါတယ်။

 

လူဦးရေနဲ့ ပိုးကူးစက်သူအရေအတွက် အချိုးချ တွက်ချက် ကြည့်မယ်ဆိုရင် ဘယ်လ်ဂျီယံနိုင်ငံဟာ အဆိုးဆုံးဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံမှာ လူ ၁၀၀,၀၀၀ မှာ ၁၄၆ ဦးတွင် ပိုးတွေ့ရှိကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံရဲ့ အနောက်မှာ ပီရူး၊ စပိန် နဲ့ အီတလီနိုင်ငံတွေ ရှိနေကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP