ကိုရိုနာဗိုင်းရပ်စ်ဆေး  မျှတစွာရရှိရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပန်ကြား

၂၅ ဩဂုတ်

 

 

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို မျှတစွာ ရရှိစေရန်အတွက် သေချာသည့် မူဘောင်တစ်ခုတွင် ပါဝင်ကြရန် နိုင်ငံများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲဖြစ်သူက တောင်းဆိုခဲ့သည်။

 

 

နိုင်ငံများအနေဖြင့် မိမိတို့၏ နိုင်ငံသားများ အတွက်သာ ကာကွယ်ဆေးရရန် အလျင်အမြန် ပြုလုပ်ခြင်းမျိုး ရှောင်ကြဉ်ကြရန် သတိပေးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲဖြစ်သူ တက်ဒရော့စ်က ယမန်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

ကာကွယ်ဆေး အမျိုးသားရေးဝါဒက ဗိုင်းရပ်စ်တိုက်ဖျက်ရေးကို ကူညီရာရောက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ယခုအခါ နိုင်ငံပေါင်း ၁၇၂ နိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိရန်အတွက်  ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းအဖြစ်   ပတ်သက်နေကြောင်း တက်စ်ဒရော့စ်က ပြောကြားခဲ့သည်။

 

 

ကာကွယ်ဆေးကို သာတူညီမျှ လက်လှမ်းမီနိုင်သည့် နိုင်ငံများအားလုံး ရရှိစေရန် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တက်စ်ဒရော့စ်က ပြောကြားခဲ့သည်။

 

 

ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရန်အတွက် ရင်းနှီးမြုပ်နှံခြင်းသည် ကပ်ရောဂါဖြစ်ပွားမှုကို အဆုံးသတ်စေရန်နှင့် စီးပွားရေးများ ပြန်လည် နာလန်ထူရန်အတွက် အမြန်ဆုံး နည်းလမ်းဖြစ်ကြောင်း တက်စ်ဒရော့စ်က ပြောကြားခဲ့သည်။

 

 

ဂါဗီဟူသည့် ကာကွယ်ဆေးအသစ် နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ စတင် မိတ်ဆက်ပေးခဲ့သည်။

 

 

၎င်းသည် အပြည်ပြည်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေးမြှင့်တင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

 

ဂါဗီဝက်ဆိုဒ်တွင် အဆိုပါ ဆေးကို စိတ်ဝင်စားသည့် နိုင်ငံများကို ဖော်ပြထားသည်။ 

 

 

အဆိုပါ နိုင်ငံများထဲတွင် ဂျပန်၊ အင်္ဂလန် နှင့် ကနေဒါနိုင်ငံတို့ ပါဝင်သော်လည်း    အမေရိကန်ပြည်ထောင်စု သို့မဟုတ် တရုတ်နိုင်ငံတို့ မပါဝင်ပေ။ 

 

 

ယခုလအကုန်တွင် ပါဝင်သည့် နိုင်ငံများ၏ ရည်ရွယ်ချက်ကို ဖော်ပြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တောင်းဆိုထားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်