ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်ဝမ်မှာ အသွားအလာကန့်သတ်ခံနေရတဲ့ စီယူ

၁၀  မတ်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ စီယူဟာ အမျိုးသမီးတေးဂီတအဖွဲ့ TWICE ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ဇာတိမြေ ထိုင်ဝမ်ကို ရောက်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ နေအိမ်မှာပင် စောင့်ကြည့်ခံနေရကာ အသွားအလာကန့်သတ် ပိတ်ပင်ခံရကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဒီသတင်းကို ပေါ့ပ်ကြယ်ပွင့်ရဲ့ မိခင်ဖြစ်သူက အတည်ပြုခဲ့ပြီး ၁၄ ရက်ကြာ စောင့်ကြည့်ခံရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ ပေါ့ပ်ကြယ်ပွင့်ရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာမရှိဘူးလို့လည်း သိရပါတယ်။

ပေါ့ပ်ကြယ်ပွင့်အနေနဲ့ စောင့်ကြည့်ခံရတဲ့ကာလပြီးဆုံးပါက တောင်ကိုရီးယားကို ပြန်ခွင့်ပြုမှာဖြစ်တယ်လို့လည်း သိရပါတယ်။ တောင်ကိုရီးယားကို ပြန်ခွင့်ရပေမယ့်အဖွဲ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုတော့ ရွှေ့ဆိုင်းထားကြောင်း လည်း သိရပါတယ်။

အေးပြည့်