ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အလှူငွေနှင့်  စားသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း   

ပြင်ဦးလွင် ၁၆ ဧပြီ    

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အလှူငွေနှင့်  စားသုံးကုန်ပစ္စည်းများကို  ယနေ့နံနက် ၈ နာရီက ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးကော်မတီရုံးခန်းမ၌  ကျင်းပပြုလုပ်ရာ  တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။ 

ရှေးဦးစွာ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး မှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသရေး  လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အလှူငွေနှင့်  စားသုံးကုန်ပစ္စည်းများ လှူဒါန်းပွဲ  ကျင်းပရခြင်းအကြောင်းအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး အလှူရှင်များဖြစ်သည့်   ဦးဇော်မင်းဦး + ဒေါ်မီမီထွေး ( ဇော်မင်းဦးရွှေဆိုင်) မိသားစုမှ ဆန်  အိတ် ၁၀ဝ၊ မက်မန်းနေကြာလုပ်ငန်းရှင်များမှ  ဆီ  ၁၀ ပိဿာဝင် ၅၃ ပုံးနှင့် ဆား ၂၅ ပိဿာဝင် ၂၁ အိတ်၊ မချို+ မီးမီး (ဆီဆိုင်) မိသားစုမှ  ကြက်သွန်နီ အချိန် ၁၀ဝဝ တို့အား  တာဝန်ရှိသူများထံ  ပေးအပ်လှူဒါန်းကြပြီး  ကိုရိုနာဗိုင်းရပ်စ်ရောဂါ  ကာကွယ်ကုသရေး  လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး  အလှူငွေနှင့် လုပ်ငန်းသုံးပစ္စည်းများအတွက် ထပ်မံလှူဒါန်းလိုပါက  ရောဂါကာကွယ်ထိန်းချုပ်ရေး  မြို့နယ်ကော်မတီ ရုံးခန်းသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ 

ဇော်မျိုးထိုက်(ပြန်/ဆက်)