ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးအတွက် ရှေ့တန်းကနေပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကြောက်တရား၊ ကြေကွဲစရာနဲ့ ရုန်းကန်နေရပုံများ

၁၅ ဧပြီ

 

ကမ္ဘာတစ်ဝန်းမှာ အိမ်ရှေ့နဲ့ လမ်းမတွေပေါ်ထွက်ကာ လက်ခုပ်တီးပြီး အားပေးခံနေရသော ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာပါဝင်နေတဲ့ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးစောင့်ရှောက်တဲ့ ဝန်းထမ်းတွေ အားလုံးဟာ ကဗျည်းမထိုးထားတဲ့ သူရဲကောင်းတွေဖြစ်လာနေပါတယ်။

 

ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့် သေဆုံးသူ ၁၂၆,၇၅၈ နဲ့ ရောဂါခံစားနေရသူ ၂ သန်း ကျော် ရှိနေကြောင်း ဧပြီ ၁၅ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဆေးရုံဝန်ထမ်းတွေဟာ များပြားလာတဲ့လူနာတွေကို စောင့်ရှောက်နေစဉ်မှာ လိုအပ်တဲ့ ကာကွယ်ရေးဝတ်စုံတွေ လိုအပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် သူတို့မှာ ရောဂါပိုးကူးစက်မှာကို စိုးရိမ်နေကြပါတယ်။ အလားတူ လူနာကိုကုသနေစဉ်မှာလည်း ကြေကွဲစရာကောင်းတဲ့ ဆုံးဖြတ်ချက်မျိုး ချရတာနဲ့ ကြုံတွေ့ရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကို တိုက်ဖျက်နေတဲ့ ကမ္ဘာတစ်ဝန်းက ကျန်းမာရေးဝန်ထမ်းတွေနဲ့ AFP သတင်းဌာနက စကားပြောကြည့်တဲ့အခါ

 

-အီတလီက ကျန်းမာရေးဝန်းထမ်း-

 

ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံးဒဏ်ခံခဲ့ရတဲ့ အီတလီနိုင်က ဆရာဝန်တွေ သူနာပြုတွေအများအပြား သေဆုံးခဲ့ရပါတယ်။ အထူးကြပ်မတ်ဆောင်ရဲ့ စောင့်ရှောက်ရေး စီစဉ်ကြီးကြပ်သူက ဗိုင်းရပ်စ်ပိုးမကူးအောင် မျက်နှာဖုံး၊ လက်အိတ်၊ ကာကွယ်ရေးပစ္စည်းတွေကို အတိအကျ ဝတ်ဆင်ရန်အတွက် အချိန်ကို ချန်ထားပေးကြောင်း ဉပမာ တစ်နေ့ကို ၈ နာရီ အလုပ်အချိန်အစား ၇ နာရီလောက်ဘဲ ထားရှိတာမျိုး အဝတ်အစားဝတ်ရန် အချိန် မိနစ် ၄၀ - ၅၀ကြား အချိန်ပေးတာမျိုးနဲ့ လက်ဆေးဖို့နဲ့ လက်မှာရှိတဲ့ ပိုးမွှားကင်းစင်ရေးအတွက် နေ့စဉ်အချိန် ယူလုပ်ကိုင်ကြောင်း ပြောကြားပါတယ်။

 

-အီကွေဒေါရှိ ရေခဲတိုက်တွေမှာ အပြည့်ဖြစ်သွား-

 

နေမကောင်းဖြစ်နေတဲ့ သူနာပြုက သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ၈၀ လောက်ဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရပြီး ၅ ဦး ကတော့ သေဆုံးသွားပြီဖြစ်ပါတယ်။ အသက် ၅၅ နှစ်အရွယ် အမည်မဖော်တဲ့ သူနာပြုဆရာမက သူတို့က စစ်ပွဲမှာ လက်နက်မပါဘဲ သွားရတယ်လေ။ လူနာတွေမှာ အပြင်းအထန် ဖြစ်နေတဲ့ ရောဂါလက္ခဏာနဲ့ ဆေးရုံကိုလာခဲ့တယ်။ ဒါပေမယ့် ဆေးရုံတွေမှာ ပစ္စည်းအပြည့်စုံမရှိသလို လူနာတွေကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးတာကို တွေ့ရပါတယ်။ ဒါပေမယ့် လူနာတွေကို ကယ်ဖို့ကြိုးစားရင် အခုလို ရင်ဆိုင်ရတာလို့ ဆိုပါတယ်။

 

-အမေရိကန်နိုင်ငံ-

 

အမေရိကန်နိုင်ငံမှာ နယူးယောက်ပြည်နယ် သူနာပြုအစည်းအရုံး ဉက္ကဌ က ကျန်းမာရေးဝန်ထမ်းတွေမှာ လုံခြုံရေးပစ္စည်းတွေ လုံလောက်မှုမရှိကြောင်း ပြစ်တင်ပြောဆိုခဲ့ပါတယ်။ ရန်သူကို တိုက်ခိုက်ဖို့အတွက် လုံခြုံလက်နက်ကိရိယာတွေ မရှိသလို တိုက်ရမယ့် ပစ္စည်းတွေလည်း မရှိကြောင်း ပြောပါတယ်။ နယူးယောက်မှ အသက် ၄၃ နှစ်အရွယ် သူနာပြု ဘန်နီ မက်သရူးက လူနာ ၄ ဦးကို ကောင်းမွန်တဲ့ ကာကွယ်ရေးဝတ်စုံမရှိဘဲ ပြုစုစောင့်ရှောက်ရတဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း ပြောပါတယ်။

 

-တူရကီ-

 

အစ္စတန်ဘူး တက္ကသိုလ်ဆေးရုံမှ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ နူရီက ဆေးရုံမှာက စစ်ကြီးဖြစ်နေသလို ဖြစ်ပေမယ့် အားလုံးအလုပ်လုပ်နေပုံကို အရူးတွေလိုမျိုးကို ဖြစ်နေတယ်။ ဆေးရုံမှာ ပုံမှန်ပုံစံမရှိတော့ဘဲ စစ်မြေပြင်နဲ့ တူလာတယ်။ ကျန်းမာရေးဝန်ထမ်းတွေက သူတို့မိသားစုတွေ ရောဂါကူးစက်ခံရမှာ ဆိုးတဲ့အတွက် ဟိုတယ်တွေနဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ အဆောင်တွေမှာ နေထိုင်ကြရတယ်။ သူတို့က စူပါမန်းလိုမျိုး အလုပ်လုပ်နေကြတယ်။ အဲဒီအတွက် ငွေကြေးမလိုဘူး လူသားတွေရဲ့ အကျိုးကို ဆောင်ရွက်နေတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

 

MDN
ကိုးကား - AFP