ကိုရိုနာဗိုင်းရပ်စ်(SARS-CoV-2 )သည် ဖန်နှင့်ငွေစက္ကူများပေါ်တွင် ၂၈ ရက်ကြာ ရှင်သန်နေနိုင်ဟု ဩစတြေးလျသုတေသီများ ပြောကြား

၁၂ အောက်တိုဘာ

 

ဩစတြေးလျသုတေသီများက ကိုဗစ်-၁၉ ရောဂါပိုးဖြစ်စေသည့် SARS-CoV-2 ဗိုင်းရပ်စ်သည် ဖန်နှင့်ငွေစက္ကူများ အပါအဝင် သံချေးမတက်သော စတီးလ်ကဲ့သို့သော ချောမွေ့သောမျက်နှာပြင်များပေါ်တွင် ၂၈ ရက်ကြာ ရှင်သန်နေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

 

ဓနသဟာယအဖွဲ့ သိပ္ပံနှင့်စက်မှုဆိုင်ရာသုတေသနအဖွဲ့(CSIRO)သည် ကိုဗစ်-၁၉ ရောဂါပိုး၏ ရှင်သန်နေနိုင်စွမ်းနှင့် ပတ်သက်သည့် သုတေသနအသစ်ကို ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

 

CSIRO၏ အမှုဆောင်အရာရှိချုပ် လာရီ မာရှယ်လ်က သုတေသနကို ကာကွယ်ဆေးစမ်းသပ်ခြင်းနှင့် ရေဆိုးစမ်းသပ်ခြင်း အပါအဝင် ယခင် ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

 

ဗိုင်းရပ်စ်သည် မျက်နှာပြင်များပေါ်တွင် အချိန်မည်မျှကြာကြာနေနိုင်ကြောင်း  ရှာဖွေတွေ့ရှိခြင်းသည် လူအများကို ကာကွယ်သည့် ပိုမိုကောင်းမွန်သောအလုပ်ပြုလုပ်ခြင်း ဖြစ်ပြီး ရောဂါပိုးပျံ့နှံ့မှုကို လျော့ပါးစေသည်ဟု ၎င်းက ပြောကြားသည်။

 

လေ့လာတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါပိုး (SARS-CoV-2) သည် မျက်နှာပြင်များပေါ်တွင် အချိန်အတော်ကြာရှင်သန်နေနိုင်သည်ကို တွေ့ရှိရသဖြင့် ပုံမှန်လက်ဆေးခြင်းနှင့် မျက်နှာပြင်များကို သန့်ရှင်းရေးပြုလုပ်ခြင်းကဲသို့သော အလေ့အကျင့်ကောင်းများ အားဖြည့်လုပ်ဆောင်ရန် လိုအပ်ကြောင်း CSIRO၏ ဩစတြေးလျရောဂါကာကွယ်ရေးစင်တာ (ACDP)၏ လက်ထောက်ညွှန်ကြားရေးမှူး ဒက်ဘီ အီဂဲစ်က သတင်းထုတ်ပြန်ခဲ့သည်။

 

အခန်းအပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ်တွင် မိုဘိုင်းဖုန်းမျက်နှာပြင်များနှင့် ဖန်သားပြင်ကဲ့သို့ ချောမွေ့သောမျက်နှာပြင်များ၌ ၂၈ ရက်ကြာ အသက်ရှင်သန်နေနိုင်သည်ကို တွေ့ရှိခဲ့ရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို