ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အာဆီယံခေါင်းဆောင်တွေ အွန်လိုင်းမှာ ဆွေးနွေး

၁၄ ဧပြီ

အရှေ့တောင်အာရှ နိုင်ငံခေါင်းဆောင်များ စုပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အရေးပေါ် အစည်းဝေးကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။  အဲဒီအစည်းပွဲကို အာဆီယံနိုင်ငံမှာ ခေါင်းဆောင်းများနဲ့အတူ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်းတွေကလည်း တက်ရောက်ကြကြောင်း သိရပါတယ်။

 

ဗီယက်နိုင်ငံက အစည်းအဝေးကိုဉက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ဗီယက်နမ် ဝန်ကြီးချုပ်က အစည်းအဝေးဖွင့်ပွဲ မိန့်ခွန်းကို ပြောကြားပါတယ်။ အဖွင့်မိန့်ခွန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါဟာ လူသားတွေရဲ့ အသက်ရှင်မှုနဲ့ လူမှုစီးပွးရေးအပေါ်မှာ စိန်ခေါ်မှုတွေရှိနေခြင်းနဲ့ လူနေမှု လုံခြုံရေးအတွေအပေါ်မှာပါ အကျိုးသက်ရောက်ကြောင်း သတိပေးပြောကြားပါတယ်။

 

ဗီယက်နမ်နိုင်ငံက အဖွဲဝင် နိုင်ငံတွေကို ကပ်ရောဂါတိုက်ဖျက်ရေး ရန်ပုံငွေ တစ်ရပ်ထူထောင်ရေးနဲ့ အဲဒီကနေ အရေးပေါ် ဆေးဝါးကူညီရေး၊ အချက်လက်တွေ ဝေမျှနိုင်ရေးကို အကြံပြုထားပါတယ်။

 

ဗီယက်နမ်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၆၅ ဦးရှိပေမယ့် သေဆုံးသူ မရှိသေးကြောင်း၊ ထိုင်းနိုင်ငံမှာ ကူးစက်ခံရသူ ၂၅၀ဝ ဦး ရှိပြီ ၄၀ ဦးသေဆုံးကြောင်း သိရပါတယ်။

 

လူဉီးရေ သန်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ လူ ၃၉၉ ဦး သေဆုံးပြီး ၄၈၁၇ ဦးမှာ ရောဂါပိုး တွေ့ရှိကြောင်း၊ စင်ကာပူနိုင်ငံမှာတော့လူပေါင်း ၂၉၁၈ ဦးမှာ ရောဂါပိုးတွေ့ရှိပြီး  ၉ ဦးသေဆုံးဧပြီ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဗီယက်နမ်နိုင်ငံဟာ ဗိုင်းရပ်စ်ရောဂါဒဏ်ကို ခံရဆုံးနိုင်ငံဖြစ်ပါတယ်။ ဖော်မြူလာဝမ်း ကားပြိုင်ပွဲကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ နိုင်ငံတွင်းက စက်ရုံတွေ ဆက်လက်ဖွင့်ထားဆဲဖြစ်ပေမယ့် နိုင်ငံမြောက်ပိုင်းက ဆမ်ဆောင်းစက်ရုံတစ်ရုံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တဲ့တဲ့အတွက် ကျန်လုပ်သားတွေ အားလုံးကို သီးခြားစောင့် ကြည့်နေရပါတယ်။

 

ကိုဗစ်-၁၉ ရောဂါဒဏ် ဒုတိယခံရတဲ့နိုင်ငံဟာ ထိုင်းနိုင်ငံဖြစ်ပြီး နိုင်ငံရဲ့စီးပွားရေးဟာ ၅.၃ ရာခိုင်နှုန်း နှေးကွေးသွားပါတယ်။ သန်းချီတဲ့လူတွေ အလုပ်လက်မဲ့ဖြစ်သွားပါတယ်။ လူပေါင်း ၂၂ သန်းနီးပါးဟာ အစိုးရရဲ့ ထောက်ပံ့ငွေရရှိရေးမှာ မှတ်ပုံတင်ထားတာကို တွေ့ရပါတယ်။

MDN   

ကိုးကား - AFP