ကြိုတင်ကာကွယ်သွေးလွန်တုပ်ကွေးအန္တရာယ်

  • သွေးလွန်တုပ်ကွေးရောဂါသည် ရောဂါပိုးရှိသည့် ခြင်ကျားကိုက်ခံရခြင်းမှတဆင့် ကူးစက် ပါသည်။
  •  
  • ယခုကဲ့သို့မိုးဦးကျကာလမှစတင်၍ မိုးရာသီတွင်အများဆုံးဖြစ်ပွားတတ်ပါသည်။
  •  
  • အသက်(၁၅)နှစ်အောက်ကလေးများတွင် အများဆုံးဖြစ်သော်လည်း၊  ယခုနှစ်များအတွင်း အသက်(၁၅)နှစ် အထက်၊ လူငယ်နှင့် လူလတ်ပိုင်းတို့တွင်သာမက လူကြီးများတွင်လည်း ဖြစ်ပွားလာပြီး အသက်ဆုံးရှုံး မှုများလည်းရှိပါသည်။

ကြိုတင်ကာကွယ်ရန် နည်းလမ်းများ

(၁) မိမိကိုယ်ကိုခြင်ကိုက်မခံရအောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ပါ။(၂) အိပ်သည့်အခါတိုင်းနေ့/ညမရွေးခြင်ထောင်ဖြင့်အိပ်ပါ။ ဆေးစိမ်ခြင်ထောင် ကိုလည်းအသုံးပြုနိုင်ပါသည်။

(၃)     ခြင်နိုင်ဆေးလိမ်းပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန