ကိုယ်ဝန်ဆောင်မိခင်လောင်းနှင့် နို့တိုက်မိခင်များအား အာဟာရများထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးအသိပညာများဟောပြောပေး

ဆီဆိုင် ၁၉ သြဂုတ်    


    
ကိုယ်ဝန်ဆောင်မိခင်လောင်းနှင့် နို့တိုက်မိခင်များ ကျန်းမာရေး အသိပညာဗဟုသုတများတိုးပွားပြီး သက်တမ်းစေ့နေထိုင်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်သူနာပြု အဆင့်(၁) ဒေါ်စန်းဘီးထူးနှင့်အဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မြင့်သီ နှင့် အသင်းဝင်တို့အဖွဲ့သည် ကိုယ်ဝန်ဆောင်မိခင်လောင်းနှင့် နို့တိုက်မိခင်များအား အာဟာရများ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြင့်သီနှင့် မြို့နယ်သူနာပြု အဆင့်(၁) ဒေါ်စန်းဘီးထူးတို့က အဟာရထောက်ပံ့ပေးရခြင်းနှင့် ကျန်းမာရေးအသိပညာဗဟုသုတများ အကြောင်းကို ရှင်းလင်းပြောကြားပြီး ကိုယ်ဝန်ဆောင်မိခင်လောင်းနှင့် နို့တိုက်မိခင်များအား တစ်ဦးလျှင် သံဓါတ်အားဆေး(၁)ဘူး၊ ကြက်ဥ(၇)လုံး၊ ပြောင်းမစ်အထုတ်သေး(၁၀)ထုပ်၊ ကုလားပဲ (၂၅)ကျပ်သား၊ အိုင်အိုဒင်းဆားတစ်ထုပ်တို့ကို လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်းလောင်းများအား ကိုယ်အလေးချိန်တိုင်းပေး ခြင်း၊ အရပ်တိုင်းပေးခြင်းနှင့် ကိုယ်ဝန်ဆောင်ဗိုက်အားစပ်သပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး   ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)