ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ Wheel Chair အလုံး ၄၀ ပေးအပ်လှူဒါန်း

မြစ်ကြီးနား     ၅ နိုဝင်ဘာ

 

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအတွက် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှတစ်ဆင့် ဂျပန်နိုင်ငံအလှူရှင် Prosfessor Shigeru Okada (ရှင်ဂရူ အိုကာဒါ)နှင့် မြန်မာ -ဂျပန်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(MJCP)တို့က ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့ ဆေးရုံ ဝင်းအတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ Wheel Chair များ လှူဒါန်းပေးအပ်သည်။

 

1

 

အဆိုပါ လှူဒါန်းပွဲတွင် လူနာတင်ဘီးတပ်ကုလားထိုင်(Wheel Chair) အလုံး ၄၀ ကို ပြည်နယ်အ အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအတွက် အလှူရှင်ကိုယ်စား ဂျပန်နိုင်ငံ Okayama University မှ  ပါမောက္ခ Shigeru Okada က လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး “ယခုလိုလာရောက် လှူဒါန်း ရခြင်းအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်၊ MJCP အနေဖြင့် မြန်မာနိုင်ငံအတွက် ကျန်းမာရေးမှာ လိုအပ်တဲ့ အရင်းအမြစ်တွေကို အကောင်အထည်ဖော်နိုင်အောင်၊ ဖွံ့ဖြိုးနိုင်အောင်ဆောင်ရွက်ပေးဖို့ဖြစ် ပါတယ် ဟု လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။     

 

ထို့အပြင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက Wheel Chair များ လှူဒါန်းပေးအပ်သည့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် MJCP အဖွဲ့တို့အား ဒေသကိုယ်စား ကျေးဇူး တင်ပါကြောင်းနှင့် လှူဒါန်းလာသည့် လူနာတင်ဘီးတပ်ကုလားထိုင်များကို စီမံခန့်ခွဲမှု နည်းစနစ်ကျင့်သုံးပြီး အသုံးပြုနိုင် ရေးကို တာဝန်ရှိသူများအနေဖြင့် အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းကြီးကြပ်ဆောင်ရွက်ပေးကြရေး တိုက်တွန်းမှာကြားခဲ့သည်။

 

ယင်းနောက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ ဒေါက်တာသိန်းစိန်က ဖောင်ဒေးရှင်း အနေဖြင့် နိုင်ငံတော်နှင့် ပူးပေါင်း၍ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်တွင် ပြည်နယ်ဝန်ကြီးက အလှူရှင်ထံ ဂုဏ်ပြုမှတ်တမ်းလွှာကို  ပြန်လည်ပေးအပ်ခဲ့ကြောင်း ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

 

MDN