ကချင်ပြည်နယ်ဝန်ကြီးချုပ် စီတာပူရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးကာ နှာခေါင်းစည်း Mask များနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား ဇန်နဝါရီ ၂ဝ

           

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဇန်နဝါရီ ၂ဝ ရက် နံနက် ၁ဝ နာရီခွဲက စီတာပူရပ်ကွက်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အတူ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က စီတာပူရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်‌ဒေးရှင်း၏ ဝိုင်းဝန်းကူညီမှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၏ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးကာ ကာကွယ်ဆေးလာရောက်ထိုးနှံသော ‌ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားပြီး နှာခေါင်းစည်း Mask များကို အခမဲ့ ဖြန့်‌ဝေပေးခဲ့ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

 

ပြည်နယ်(ပြန်/ဆက်)