ကြက်ဥ၊ဘဲဥတို့နဲ့ ဓါတ်မတည့်ခြင်း 

ကြက်ဥ ဘဲဥဆိုတာ လူတိုင်းကြိုက်ကြ၊ စားနေကြ၊ လူတိုင်းနဲ့လည်း တည့်ပြီး အာဟာရရှိတဲ့ အရာတစ်ခုပါ။ ဒီလို အရသာရှိ၊ ကျန်းမာရေးအတွက်လည်း ညီညွတ်တဲ့ ကြက်ဥ ဘဲဥတွေနဲ့ မတည့်တဲ့သူတွေလောက် ကံဆိုးတဲ့သူမရှိပါဘူး။

 

ဘယ်သူတွေမှာ ပိုဖြစ်တာလဲ။ ။

 

ကြက်ဥဘဲဥနဲ့ ဓါတ်မတည့်တဲ့ ပြဿနာဟာ ကလေးတွေ မှာ အများဆုံးဖြစ်တဲ့ ပြဿနာတစ်ခုပါ။

ကြက်ဥဘဲဥနဲ့ ဓါတ်မတည့်တာရဲ့ လက္ခဏာတွေက ဘာတွေလဲ ။ ။

 

          ကြက်ဥစားပြီးပြီးချင်းမှာ ဖြစ်တတ်တဲ့ မပြင်းထန်တဲ့ လက္ခဏာတွေကတော့ အင်ပြင်တွေ ထွက်လာမယ်

 

          နှာတွေမွန်ပြီး နှာစေး၊နှာရည်ယိုတာတွေဖြစ်လာမယ်

 

          ဗိုက်အောင့်မယ်

 

          ပျို့အန်တာတွေဖြစ်မယ်

 

          ချောင်းဆိုးပြီး အသက်ရှူမဝတော့တာမျိုး ၊ရင်ဘတ်ပေါ်တစ်ခုခု ဖိထားလို့ အသက်ရှူကြပ်နေတာမျိုးတွေဟာ ကြက်ဥ၊ဘဲဥ နဲ့ ဓါတ်မတည့်တာရဲ့ လက္ခဏာတွေပါ။

 

anaphylaxis လို့ခေါ်တဲ့ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်တဲ့ ဓါတ်မတည့်မှုတွေလည်း ဖြစ်တတ်ပါသေးတယ်။ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်ပြီးတော့ ချက်ချင်း ဆေးကုသမှု ခံယူဖို့လိုအပ်ပါတယ်။ ဒီ anaphylaxis Shock ရဲ့ လက္ခဏာတွေကတော့

 

          အသက်ရှူလမ်းကြောင်းပိတ်သွားပြီး အသက်ရှူရခက်ခြင်း

 

          ဗိုက်အောင့် ဗိုက်နာဖြစ်ခြင်း

 

          သွေးခုန်နှုန်းတွေ မြန်နေခြင်း

 

          သွေးပေါင်ထိုးကျသွားပြီး ချာချာလည်အောင် မူးနေခြင်း

 

          သတိလစ်သွားခြင်း တို့ဖြစ်ပါတယ်။ ကြက်ဥ ဘဲဥတို့နဲ့ ဓါတ်မတည့်ခြင်း ။ ။

 

ကြက်ဥ၊ ဘဲဥနဲ့ ဓါတ်မတည်ခြင်းကိုဘယ်လိုကုသ ပါသလဲ ။ ။

 

မပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းတွေ အတွက်ကတော့ ဓါတ်မတည့်တာတွေကို သက်သာစေတဲ့ ဘာမီတွန်တို့ ၊ antihistamine အုပ်စုဝင် ဆေးတွေ သောက်လိုက်လို့ရပါတယ်။

ပြင်းထန် ဓါတ်မတည့်ခြင်းဖြစ်တဲ့ anaphylaxis Shock သာဖြစ်ခဲ့ရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြီး epinephrine ဆေး ထိုးရမှာ ဖြစ်ပါတယ်။

 

ကြက်ဥ၊ ဘဲဥနဲ့ ဓါတ်မတည့်တဲ့ကလေး အိမ်မှာရှိရင် ဘယ်လို ပြုစုရမလဲ ။ ။

 

ဓါတ်မတည့်ဘူးဆိုတာ သိနေမှတော့ အကောင်းဆုံးက ကြက်ဥ ဘဲဥတွေ ကလေးမစားမိစေဖို့ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကလေးစားတဲ့ သရေစာတွေ၊ မုန့်တွေ အစားအသောက်တွေထဲမှာ ကြက်ဥနဲ့ လုပ်ထားတာတွေ မပါမိစေဖို့ မေမေတို့ဘက်က အထူး သတိထား ပေးရမှာဖြစ်ပါတယ်။

 

 

ရေးသားသူ Dr. Thin Yadanar @ Francesဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်