ကလေး-တီးတိန်-ရိဒ်ကားလမ်း လမ်ဇန်ကျေးရွာ အနီးတွင် ယာဉ်တစ်စီး ပေ ၂၀ ခန့်ရှိ ချောက်အတွင်း ထိုးကျတိမ်းမှောက်

တီးတိန် ၆  သြဂုတ်   


ချင်းပြည်နယ် တီးတိန်မြို့အနောက်တောင်ဘက် ကလေး-တီးတိန်-ရိဒ်သွားကားလမ်း လမ်ဇန်ကျေးရွာအနီး မိုင်တိုင်အမှတ် ၄/၃ နှင့် ၄/၄ အကြားတွင် ယမန်နေ့ညနေ ၄ နာရီခွဲခန့်က ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ကြောင်း သိရသည်။


တီးတိန်မြို့နယ် ယာဉ်ထိမ်းရဲတပ်စုဖွဲ့မှ ဒုရဲအုပ် လန့်အင်းခွာလ်ဦးစီးသော အဖွဲ့၊ ဒုရဲအုပ် သန်းလင်းဦးနှင့် အဖွဲ့၊ လမ်ဇန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုင်းခင်းထန်နှင့် အဖွဲ့တို့က အခင်းဖြစ်ပွားသည့် နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ကလေးမြို့မှ ရိဒ်သို့ ယာဉ်မောင်း အောင်ပြည့်စိုး(၄၀နှစ်) နယ်မြေ(၁၁) ချမ်းမြေ့ အောင်စည်ရပ်ကွက်၊ ကလေးမြို့နေသူ တစ်ဦးတည်း မောင်းနှင်လာသည့် ယာဉ်အမှတ်  YGN/ 8H ---- MICRO BUS (ဖြူ /ဝါရောင်)ယာဉ်သည် ကုန်ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ် အခင်းဖြစ်သည့်နေရာအရောက်တွင်  အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ချောက်ထဲသို့ ပေ ၂၀ ခန့် ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။


အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်း အောင်ပြည့်စိုးအား တီးတိန်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


မြို့နယ်(ပြန်/ဆက်)