ကလေးစာပေပွဲတော် (အိမ်မဲ) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိ

အိမ်မဲ ၅ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေး ဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (အိမ်မဲ) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို အထက (၁)ကျောင်း၌ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိ သူများက နိုဝင်ဘာလ ၄ ရက်နံနက် ၉ နာရီကစတင်ပြီး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းများကို ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက ကလေး စာပေပွဲတော်(အိမ်မဲ) ကျင်းပမည့် ရွှေညီလာခန်းမအား စာလုံးများ ကပ်ခြင်း၊ ပြပွဲ ပြိုင်ပွဲများ ကျင်းပမည့် နေရာများအား ပြင်ဆင်ခြင်း၊ 3D အလှဓာတ်ပုံရိုက်မည့် ဗီနိုင်းများ စိုက်ထူခြင်း၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ဓာတ်ပုံပြခန်းပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)