ကလေးစာပေပွဲတော် (ကျုံပျော်)အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျုံပျော် ၆ ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကျင်းပမည့် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အ.ထ.က(၁)ကျုံပျော်၊ အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်သည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နိုင်က ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကလေးများအနေဖြင့် ပွဲတော်တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်စေရေးအတွက် ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားခဲ့သည်။

 

12

 

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒု-တိုင်းဦးစီးမှူး ဒေါ်မာလာဝင်းက ယခုစာပေပွဲတော်သည် ကလေးများ ပျော်ရွှင်အောင်၊ စာပေနှင့်မွေ့လျော်အောင် ဦးတည်ကျင်းပပေးသည့် ပွဲဖြစ်သည့်အတွက် အနှစ်သာရရှိစွာ အောင်မြင်နိုင်ရေး၊ ပါဝင်မည့် ကဏ္ဍများအလိုက် စနစ်တကျ ရှိစေရေး အကြံပြုဆွေးနွေးခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ကလေးစာပေပွဲတော် ကျင်းပရန် ဆောင်ရွက်ထားရှိမှုများနှင့် သက်ဆိုင်ရာကော်မတီများကလည်း ကဏ္ဍအလိုက် ကြိုးစား ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

 

ထို့နောက် ကျင်းပရေးဆပ်ကော်မတီ အသီးသီးက လုပ်ငန်းပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကာ၊ ပြခန်း၊ ပြိုင်ပွဲ၊ ဖျော်ဖြေပွဲ၊ ကစားပွဲနှင့် စာအုပ်အရောင်းပြခန်းထားရှိမည့် နေရာများအား လိုက်လံကြည့်ရှုကြသည်။

 

အဆိုပါ ကလေးစာပေပွဲတော်ကို ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁) ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ဖျော်ဖြေပွဲ၊ စာပေဟောပြောပွဲ၊ အရုပ်ဆက်၊ စကားပုံဆက်၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကလေးစာဖတ်ခန်း၊ ပြခန်း၊ စာအုပ် ဈေးရောင်းပွဲများဖြင့် စည်ကားစွာ ကျင်းပပေးသွားမည်ဖြစ်ကာ မည်သူမဆို ပျော်ရွှင်စွာ လာရောက် ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

နေဝင်း(ကျုံပျော်)