ကလေးမြို့တွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပထမဆုံးအကြိမ် မြန်မာ့ရိုးရာအပျော်တမ်း ခြင်းလုံးအလှခတ်ပြိုင်ပွဲကျင်းပ

ကလေး ၄ ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ်တွင် ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ အပျော်တမ်း ခြင်းလုံးအလှခတ်ပွဲကို ဇန်နဝါရီ ၄ ရက် နံနက်၈ နာရီက ကလေးခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးဝင်း၌ ကျင်းပသည်။

mdn

မြန်မာ့ရိုးရာအပျော်တမ်း ခြင်းလုံးအလှခတ်ပွဲတွင် ဦးကျော်မင်းခေါင်းဆောင်သည့် ဆည်တော်ဦးအဖွဲ့၊ ဦးမြင့်အောင်(မီးရထား)အဖွဲ့၊   ဆန်းမင်းဦးအဖွဲ့၊ အောင်မြေမာန်အဖွဲ့၊ ချယ်ရီမိုဘိုင်းအဖွဲ့၊ စားသုံးသူရေးရာအဖွဲ့၊ သာစည်အဖွဲ့၊ ဆည်တော်ဦးအဖွဲ့နှင့် လောကဧည့်သည်အဖွဲ့ စုစုပေါင်းခြင်းလုံးအဖွဲ့ ကိုးဖွဲ့တို့မှ အလှည့်ကျ တစ်ဖွဲ့စီ ပျော်ပျော်ပါးပါး ရိုးရာခြင်းလုံး အလှခတ်ကြပြီး အဖွဲ့တစ်ဖွဲ့စီအား ခြင်းလုံးတစ်လုံးစီနှင့် အမှတ်တရအလံများ ပေးအပ်ကြသည်။

mdn

အဆိုပါ မြန်မာ့ရိုးရာအပျော်တမ်းခြင်းလုံး အလှခတ်ပွဲကျင်းပပြုလုပ်နိုင်ရန် ခရိုင်စားသုံးသူရေးရာဦးစီး ဌာနမှ ဦးဆောင်၍ ပွဲဖြစ်မြောက်ရေး ရန်ပုံငွေများကို စားသုံးသူရေးရာဝန်ထမ်းများမှ လည်းကောင်း၊ မြို့ပေါ်ဌာနဆိုင်ရာ အကြီးအကဲများမှ လည်းကောင်း၊ နေ့စဉ်ခြင်းလုံးကစားကြသည့်ခြင်းလုံးခတ်ဝါသနာရှင် ချစ်မြတ်နိုးသူများမှ လည်းကောင်း ရရှိသည့်ရန်ပုံငွေများဖြင့် ပထမဆုံးအကြိမ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ဆလိုင်းဟာလိန်း

mdn